လူ့အခွင့်အရေးအခြေအနေ ဆိုးရွားနေဆဲလို့ ကုလ ကိုယ်စားလှယ်သစ် ပြော

ဗီဒီယို ပုံစာ, မြန်မာ အခွင့်အရေးအခြေအနေ ကပ်ဘေးသဖွယ် ဆိုးရွားနေဆဲ
လူ့အခွင့်အရေးအခြေအနေ ဆိုးရွားနေဆဲလို့ ကုလ ကိုယ်စားလှယ်သစ် ပြော
ရေးသားခဲ့သည်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ကပ်ဘေးသဖွယ် ဆိုးရွားနေဆဲဖြစ်ပြီး စစ်တပ်က အရပ်သားတွေနဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို လေကြောင်း ကနေ တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် ကယ်လီ ကာရီက ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ) အမှုမှာ ဂမ်ဘီယာဘက်ကို အလေးသာတဲ့ ဆုံးဖြတ်ချက်တွေရှိလာခဲ့ရင် ပြည်တွင်းမှာ အစ္စလာမ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြန်ခေါင်းထောင် လာလိမ့်မယ်လို့ သူက သတိပေးထားပါတယ်။ မအေးသူစံက ဆက်ပြောပြမှာပါ။