ဒါကြောင့် အခုဒဏ်ခတ်ပိတ်ဆို့တဲ့စာရင်းထဲ ထည့်သွင်းခံရတဲ့အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းထားမှာဖြစ်တယ်လို့ EU ကထုတ်ပြန်ပါတယ်။ EU အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေကိုလည်း လက်တွဲလုပ်ကိုင်တာကနေ တားမြစ်လိုက်ပါတယ်။
အခုဒဏ်ခတ်ပိတ်ဆို့ခံရတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေဟာ
EU အဖွဲ့ဝင်နိုင်ငံတွေကို ဝင်ရောက်ခွင့် ရတော့မှာမဟုတ်ပါဘူး။
မနေ့ကထုတ်ပြန်ချက်အရ DKBA အပြင် Prince Holding Group နဲ့ ဥက္ကဋ္ဌ ချန်ကျီ၊ Jin Bei Group နဲ့ ဥက္ကဋ္ဌ Zhu Zhongbiao တို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့တဲ့စာရင်းထဲ ထည့်သွင်းတာတွေ့ရပါတယ်။