မက္ကဆီကိုက ဘိန်း ဘုရင်ကို ဖမ်းမိ

Miguel Angel Treviño
ဓာတ်ပုံ ပုံစာ, နာမည်ကျေယ် ဘိန်း ဘုရင် Miguel Angel Treviño
ရေးသားခဲ့သည်။

မက္ကဆီကို နိုင်ငံက ဇီးတားစ် Zetas မူးယစ်ဆေး ဂိုဏ်းခေါင်းဆောင် Miguel Angel Treviño ကို အကြီး အကျယ် စစ်ဆင်ရေး တစ်ရပ် အရ တနင်္လာ နေ့မနက်က ဖမ်းမိခဲ့တယ်လို့ မက္ကဆီကို အစိုးရက ပြောပါတယ်။

သတင်း ရတဲ့ အတွက် နိုင်ငံ မြောက်ပိုင်းက နွေဗို လာရေးဒိုး Nuevo Laredo မြို့အနီးမှာ သူ ခရီးသွားနေတဲ့ ကား ကို စစ်ရဟတ်ယာဉ် တစ်စီးနဲ့ တားဆီးပြီး ဖမ်းခဲ့တာ ဖြစ်ပါတယ်။

တစုံတရာ ပစ်ခတ်မှုတော့ မရှိခဲ့ပါဘူး။

ဇီးတားစ် မူးယစ်ဆေး ဂိုဏ်းခေါင်းဆောင် ကို မူးယစ်ဆေးဝါး မှောင်ခိုမှု၊ ငွေမဲကို ငွေဖြူ အဖြစ် ခဝါချမှု၊ ရွှေ့ပြောင်း နေထိုင်သူ ၂၀၀ ကျော်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုတို့နဲ့ အလိုရှိ နေတာ ဖြစ်ပါတယ်။