မိုးသည်းလို့ ရေကြီးတဲ့ထဲ မျောလာတဲ့ စပါးကြီးမြွေ
မိုးသည်းလို့ ရေကြီးတဲ့ထဲ မျောလာတဲ့ စပါးကြီးမြွေ
ရေးသားခဲ့သည်။
အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် ဗာလ်ဆတ်မြို့မှာ မိုးတွေဆက်တိုက်ရွာလို့ မြို့တွေရေကြီးနေတဲ့အချိန် မျောလာတဲ့ သွပ်ပြားပေါ်မှာ စပါးကြီးမြွေကြီးတစ်ကောင် ပါလာတာကို တွေ့ကြရပါတယ်။ လူတွေလည်း ကြောက်လန့်လို့ အပြင်မထွက်ရဲပဲ နေခဲ့ကြပြီး မြွေကြီးကတော့ ဆက်မျောသွားပါတယ်။ ရေကြီးလို့ အဲဒီဒေသမှာ အနည်းဆုံး လူလေးဦးအသက်ဆုံးခဲ့ရပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #အိန္ဒိယ #ရေကြီးမှု #သဘာဝဘေး #မြွေ



