ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ့ စီးပွားရေး နာလန်ထူအောင် လုပ်ဆောင်သင့်
မြန်မာ့ စီးပွားရေး နာလန်ထူအောင် လုပ်ဆောင်သင့်
အသွင်ပြောင်း အစိုးရ ရဲ့ ရက် ၁၀၀ စီမံချက်တွေထဲမှာ နိုင်ငံ့ စီးပွားရေး နာလန်ထူအောင် လုပ်ဆောင်မယ့် အချက်တွေ မပါဝင်ဘူးလို့ စီးပွားရေး ပညာရှင်တွေက ထောက်ပြကြပါတယ်။ နောက်ပြီး စီးပွားရေး မောင်းနှင်မှုကို အခက်အခဲ ပိုဖြစ်စေတဲ့ သွင်းကုန် လိုင်စင် ကန့်သတ်မှုတွေကိုလည်း ဖြေလျှော့ပေးတာမျိုးလည်း မရှိသေးဘူးလို့ ပြောဆိုကြပါတယ်။ ပဋိပက္ခ နဲ့ အပြန်အလှန် ကန့်သတ်မှုတွေကြောင့် နယ်စပ် ကုန်သွယ်ရေး ကလည်း ရပ်ဆိုင်းသလောက် ဖြစ်နေတာ အချိန်ကာလ ကြာမြင့်နေပြီ ဖြစ်ပါတယ်။ ဒီအကြောင်း ကိုဟိန်းကိုစိုးက ပြောပြပေးမှာပါ။