ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကေအိုင်အေနဲ့ CNF ဆီ စစ်တပ် ညှိနှိုင်ရေး ကော်မတီ ဖိတ်စာပို့

ဗီဒီယို ပုံစာ, ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကေအိုင်အေနဲ့ CNF ဆီ စစ်တပ် ညှိနှိုင်ရေး ကော်မတီ ဖိတ်စာပို့
ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကေအိုင်အေနဲ့ CNF ဆီ စစ်တပ် ညှိနှိုင်ရေး ကော်မတီ ဖိတ်စာပို့
ရေးသားခဲ့သည်။

ကချင် လွတ်လပ်ရေး တပ်မတော် ကေအိုင်အေ၊ ချင်း အမျိုးသား တပ်ဦး CNF နဲ့ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ် တပ်ဦး ABSDF စတဲ့ အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဆိုပြီး စစ်တပ်က ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်ရေး ကော်မတီ NSPNC ဘက်က ဖိတ်စာတွေ ပို့ထားတယ်လို့ ဒီအဖွဲ့တွေနဲ့ နီးစပ်သူတွေက ဘီဘီစီကို ပြောပါတယ်။ စစ်တပ်နဲ့ ဒီအဖွဲ့တွေအကြား တိုက်ပွဲတွေလည်း လက်ရှိ အချိန်အထိ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကြောင့် တိုက်ပွဲတွေကို အဆုံးသတ် နိုင်မှာလား။ ဒီအကြောင်း ကိုဘိုဘိုက ပြောပြပေးမှာပါ။