ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြိုထားတဲ့မြွေကို ပြန်အန်ထုတ်တဲ့ တောကြီးမြွေဟောက်
မြိုထားတဲ့မြွေကို ပြန်အန်ထုတ်တဲ့ တောကြီးမြွေဟောက်
ရေးသားခဲ့သည်။
အိန္ဒိယတောင်ပိုင်း အန်ဒရာပရာဒက်ရှ်မှာ အိမ်ထဲဝင်လာတဲ့ တောကြီးမြွေဟောက် King cobra တစ်ကောင်ကို ဖမ်းမိချိန် မြွေကြီးက သူမြိုထားတဲ့ မြွေတစ်ကောင်ကို ပြန်အန်ထုတ်ခဲ့တာ တွေ့ရမှာပါ။ အဲဒီလို အစာကို ပြန်အန်ထုတ်တာဟာ တောကြီးမြွေဟောက်တွေအနေနဲ့ စိတ်ရှုပ်ထွေးလို့ပဲ ဖြစ်ဖြစ်၊ လွတ်အောင်ပြေးဖို့ လေးနေတဲ့ဗိုက်ထဲက အစာကို ပြန်ထုတ်တာမျိုးဖြစ်ဖြစ် လုပ်တတ်တယ်လို့ တိရစ္ဆာန်အရေးကျွမ်းကျင်သူတွေက ပြောပါတယ်။ မြွေကြီးကိုတော့ အနားက တောထဲပြန်လွှတ်ပေးလိုက်ကြပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #တောကြီးမြွေဟောက် #မြွေ #တိရစ္ဆာန် #အိန္ဒိယ