ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရန်ရဲ့ ဒရုန်း ရန် တုံ့ပြန်ဖို့ အမေရိကန် လက်နက်သစ် တပ်ဆင်မယ်
အီရန်နဲ့ စစ်ပွဲစတင်ချိန်မှာ အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့ စစ်ရေးအင်အား သာလွန်မှုအပေါ် အပြည့်အဝ ယုံကြည်မှုရှိခဲ့ပါတယ်။ ဒါပေမဲ့ စစ်အတွက် ဒေါ်လာ ၃၈ ဘီလျံလောက် ကုန်သွားခဲ့ပြီး ဖြစ်သလို လျှော့တွက်ထားခဲ့တဲ့ ရန်သူနဲ့ ရင်ဆိုင်ရင်း သင်ခန်းစာသစ်တွေလည်း ရခဲ့ပါတယ်။ စစ်မြေပြင်ရဲ့ သဘောသဘာဝတွေ ပြောင်းလဲလာနေသလို ဒီအခြေအနေတွေကို ကိုင်တွယ်နိုင်ဖို့အတွက် သူတို့ရဲ့ စစ်နည်းဗျူးဟာတွေကို ပြန်လည် ဆန်းသစ်ဖို့ကြိုးစားနေကြရပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်က အမေရိကန်ရဲ့ စစ်သုံးပစ္စည်းသစ်တွေ စမ်းသပ်နေတဲ့ မြောက်ဒါကိုတာပြည်နယ် ဂရန်းဖော့ခ်စ်မြို့ကနေ ဘီဘီစီ သတင်းထောက် မဲဟ်နူးရှ် ပူရာဇီအီပေးပို့ထားတဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။