ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်မှုထမ်းဖို့ မြို့ကြီးပြကြီးက အတင်းအကျပ် ခေါ်ဆောင်မှုတွေ
စစ်မှုထမ်းဖို့ မြို့ကြီးပြကြီးက အတင်းအကျပ် ခေါ်ဆောင်မှုတွေ
ရေးသားခဲ့သည်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ပြည်သူ့ ပါတီ ကနေ ဝင်ပြိုင်ခဲ့တဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ်လောင်းဟာ ညအိပ် နေချိန်မှာ စစ်မှုထမ်းဖို့ အတင်းအကျပ် ခေါ်ဆောင်ခံခဲ့ရတယ်လို့ ပါတီဘက်က ပြောဆိုပါတယ်။ နောက်ပိုင်းမှာတော့ ကျန်းမာရေး အခြေအနေကြောင့် စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရမှုကနေ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ ဒီလိုမျိုး စစ်မှုထမ်းဖို့ အတွက် ပုံစံမျိုးစုံနဲ့ အတင်းအကျပ် ခေါ်ဆောင်မှုတွေဟာ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးပြကြီးတွေမှာ နေ့စဉ် ကြုံနေရတယ်လို့ သိရပါတယ်။ ဒီအကြောင်း မဇာဏီထွဏ်းက ပြောပြပေးထားပါတယ်။