မြေပြိုတဲ့ထဲက ကယ်ခဲ့ရတဲ့ ၉၇ နှစ်အရွယ် အဘွား

ဗီဒီယို ပုံစာ, မြေပြိုတဲ့ထဲက ကယ်ခဲ့ရတဲ့ ၉၇ နှစ်အရွယ် အဘွား
မြေပြိုတဲ့ထဲက ကယ်ခဲ့ရတဲ့ ၉၇ နှစ်အရွယ် အဘွား
ရေးသားခဲ့သည်။

နီပေါမှာ ရေကြီးမြေပြိုလို့ ရွှံတွေဖုံးသွားတဲ့ ရွာထဲက ကယ်ထုတ်ခဲ့ရတဲ့ အသက် ၉၇ နှစ်အရွယ်အဘွား အခုတော့ ဆေးရုံမှာ ပြန်ကျန်းမာလာနေပါပြီ။ သူ့ကို ကယ်ဖို့ မိသားစုဝင်တွေနဲ့ ရဲတွေ၊ စစ်သားတွေ လေးနာရီကြာ ကြိုးစားခဲ့ရတာပါ။ သူ့ကို ရွှံ့ထဲက ဆယ်ထုတ်ချိန် လာကယ်သူတွေကို ပြုံးပြနေတာ စစ်မြေပြင်က အောင်ပွဲရပြီးပြန်လာတဲ့ စစ်သူကြီးလိုပဲလို့ အဘွား ဂူနာ မာယာ ဘိုဟာရာရဲ့ မြေးက ပြောပါတယ်။ •

#ဘီဘီစီမြန်မာပိုင်း #နီပေါ #ရေကြီးမြေပြိုမှု #သဘာဝဘေး