ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်နန်းခင်ထွေးမြင့်ရဲ့ ကျန်းမာရေးအခြေအနေကို လူတွေစိုးရိမ်
ဒေါ်နန်းခင်ထွေးမြင့်ရဲ့ ကျန်းမာရေးအခြေအနေကို လူတွေစိုးရိမ်
ဘားအံမြို့က တောင်ကလေး အကျဉ်းထောင်မှာ အကျဉ်းကျ ခံနေရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရ လက်ထက်က ကရင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဒေါ် နန်းခင်ထွေးမြင့်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ကျန်းမာရေး အခြေအနေ ဆိုးရွားလာတာကြောင့် ဘားအံ ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။ အဲဒီနောက်မှာ ထောင်ကို ပြန်လည် ပို့ဆောင်ခံရပြီး သူ့ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ လူတွေကြားမှာ စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။ ဒေါ်နန်းခင်ထွေးမြင့်ဟာ ထောင်ဒဏ် နှစ်တစ်ရာ နီးပါး ချမှတ် ခံထားရသူလည်း ဖြစ်ပါတယ်။ ဒီအကြောင်း မသီဒါနွယ်က ပြောပြပေးမှာပါ။