ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရွှေကုက္ကိုအပြင် ဘုရားသုံးဆူဒေသအထိ ကျားဖြန့်တွေရှင်းလင်းသွားဖို့ စီစဉ်နေ
ရွှေကုက္ကိုအပြင် ဘုရားသုံးဆူဒေသအထိ ကျားဖြန့်တွေရှင်းလင်းသွားဖို့ စီစဉ်နေ
ရေးသားခဲ့သည်။
ရှမ်းနဲ့ ကရင်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ဆက်ရှိနေပြီး နေ့စဉ် ဖမ်းဆီး ရမိနေတယ်လို့ နေပြည်တော်က သတင်းထုတ်ပြန်ပါတယ်။ ဒီရက်ပိုင်းမှာ မြဝတီ ရွှေကုက္ကိုမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း အဆောက်အအုံတွေကို စစ်တပ်က ဖြိုချနေပါတယ်။ ဒါဟာ တရုတ်အစိုးရ ဖိအားကြောင့် ဖြစ်ပြီး ကရင်ပြည်နယ် ဘုရားသုံးဆူဒေသအထိ ဒါမျိုး ရှင်းလင်းသွားဖို့ ရှိတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ နယ်စပ်က ငွေလိမ်ဂိုဏ်းတွေအတွက် အဓိက အရင်းအမြစ်တွေဖြစ်တဲ့ လျှပ်စစ်မီးနဲ့ အင်တာနက် ဖြတ်တောက်ထားပေမဲ့ မြန်မာဘက်ခြမ်းမှာ ဒီလုပ်ငန်းတွေ ဘာလို့ ဒီကနေ့ထိ လည်ပတ်နေတာပါလဲ။ မသင်းသင်းနွယ်က ဆက်ပြောပြမှာပါ။