Apple က ခေါက်ဖုန်းအခုအချိန်မှ ဘာလို့ထုတ်
Apple က ခေါက်ဖုန်းအခုအချိန်မှ ဘာလို့ထုတ်
ရေးသားခဲ့သည်။
စမတ်ဖုန်းစျေးကွက်ထဲမှာ ခေါက်လို့ရတဲ့ဖုန်းတွေကို တခြားဘရန်းတွေက ထုတ်နေခဲ့တာ ကြာပါပြီ။ အက်ပဲလ်ကတော့ အခုမှ သူတို့ရဲ့နောက်ဆုံးထုတ် Duo ဆိုတဲ့ ခေါက်ဖုန်းကို စျေးကွက်ထဲ စဖြန့်လိုက်ပါတယ်။ ဒါ အက်ပဲလ်ရဲ့ စီအီးအိုအသစ် ဂျွန်တားနပ်စ်လက်ထက်မှာ အိုင်ဖုန်းကို ပုံစံပြောင်းပြီး စထုတ်လာတာပါ။ စာအုပ်လေးတစ်ခုလို ပုံနဲ့ အိုင်ဖုန်းအသစ်က အမေရိကန်မှာ စရောင်းစျေး ဒေါ်လာ ၁,၉၉၉ ကနေ ၃,၂၀၀ အထိ ပေးရမှာဖြစ်ပြီး အိုင်ဖုန်းတွေထဲမှာ စျေးအမြင့်ဆုံးပါ။ စီအီးအို တားနပ်စ်က Duo ဟာ အိုင်ပက်ကို အခြေခံထားပြီး ခေါက်လို့ရနိုင်တဲ့ ပုံစံထဲမှာ တီထွင်ဆန်းသစ်မှုတွေ အားဖြည့်ထားတယ်လို့ ပြောပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #အိုင်ဖုန်း #အက်ပဲလ် #iPhone #Apple



