ဟော်မုဇ်ရေလက်ကြားမှာ အမေရိကန်ရဲ့ ရေတပ် စောင့်ရှောက်မှု ခေတ္တ ရပ်နား
ဟော်မုဇ်ရေလက်ကြားမှာ အမေရိကန်ရဲ့ ရေတပ် စောင့်ရှောက်မှု ခေတ္တ ရပ်နား
ဟော်မုဇ်ရေလက်ကြားထဲ ကုန်သင်္ဘောတွေ ဖြတ်သန်းနိုင်ရေးအတွက် အမေရိကန် ရေတပ်ရဲ့ ကူညီစောင့်ရှောက်ပေးမှုတွေကို စတင်ပြီး ၄၈ နာရီ အကြာမှာပဲ ခေတ္တ ရပ်နားထားမှာ ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာပါတယ်။ သူက ဒီလို လုပ်ရတာက အီရန်နဲ့ သဘောတူညီချက် တခု ရယူနိုင်ဖို့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ ဘီဘီစီရဲ့ မြောက်အမေရိက ရေးရာ သတင်းထောက် ဒေးဗစ်ဝီးလစ္စ ပေးပို့ထားတဲ့ သတင်းကို ကိုရင်မောင်က ပြောပြမှာပါ။



