ရဲလက်ထဲတန်းပြေးမိတဲ့ မူးယစ်ဆေးရောင်းသူ

ဗီဒီယို ပုံစာ, ရဲလက်ထဲတန်းပြေးမိတဲ့ မူးယစ်ဆေးရောင်းသူ
ရဲလက်ထဲတန်းပြေးမိတဲ့ မူးယစ်ဆေးရောင်းသူ
ရေးသားခဲ့သည်။

အင်္ဂလန်က ဘာဆီလ်ဒန်မြို့မှာ မူးယစ်ဆေးရောင်းဝယ်မှုနဲ့ မသင်္ကာစရာရှိတဲ့ အိမ်တစ်အိမ်ကို ရဲက ဝင်စီးတုန်း အိမ်ထဲက လူငယ်က နောက်ဖေးခြံထဲကတစ်ဆင့် ထွက်ပြေးချိန် အပြင်မှာ အသင့်စောင့်နေတဲ့ ရဲတွေနဲ့ တည့်တည့်တိုးပြီး ဖမ်းခံလိုက်ရတဲ့ အဖြစ်ပါ။ အဲဒီအသက် ၂၀ အရွယ်လူငယ်ဆီမှာ ဒေါ်လာ ၁,၈၅၅ နဲ့အတူ ထုပ်ပိုးထည့်လာတဲ့ မူးယစ်ဆေးတွေကို တွေ့ခဲ့ရပါတယ်။ သူက ကုတ်ကင်းနဲ့ ဟီးရိုးအင်းတွေရောင်းချခဲ့ကြောင်းလည်း ဝန်ခံခဲ့ပါတယ်။ သူ့ကို ဖမ်းဆီးပြီး နှစ်နှစ်ဆိုင်းငံ့ထောက်ဒဏ်နဲ့ အလုပ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ •

#ဘီဘီစီမြန်မာပိုင်း #အင်္ဂလန် #မူးယစ်ဆေး