ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မကွေးတိုင်းနဲ့ ချင်းပြည်နယ်အစပ် စစ်တပ်စစ်ကြောင်းထိုး
မကွေးတိုင်းနဲ့ ချင်းပြည်နယ်အစပ် စစ်တပ်စစ်ကြောင်းထိုး
ရေးသားခဲ့သည်။
ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ် ယောဒေသဘက်ကို အင်အားထောင်ချီတဲ့ စစ်တပ် စစ်ကြောင်းတွေ ဝင်ရောက်လာနေပြီး လက်ရှိ ဆောမြို့နယ်ထဲမှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေပြင်းထန်နေပါတယ်။ ဒါ့အပြင် ချင်းညီနောင်အဖွဲ့ထိန်းချုပ်ထားတဲ့ ကန်ပက်လက်နဲ့ မင်းတပ်မြို့နယ်ကိုလည်း လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။ မြေပြင်စစ်ကြောင်းတွေကလည်း ဆောကနေတစ်ဆင့် ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့ဘက်ကို ဦးတည်နေပြီး ချင်းပြည်နယ်တစ်ခုလုံးကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။ ဒီအကြောင်း ကိုဝေဖြိုးက ပြောပြပေးပါမယ်။