နာမည်ကြီးတွေ၊ မထင်ထားတဲ့အသင်းတွေနဲ့ကမ္ဘာ့ဖလား ၃၂ သင်းပွဲတွေထူးခြားချက်

ကီလီယံ အမ်ဘတ်ပေး၊ လီယွန်နယ် မက်ဆီနဲ့ အာလင်း ဟာလန်းတို့ကို ၂၀၂၆ ကမ္ဘာ့ဖလားပွဲမှာ မြင်တွေ့ရတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမ်ဘတ်ပေး က ၄ ဂိုး၊ မက်ဆီ က ၆ ဂိုးနဲ့ ဟာလန်းက ၄ ဂိုးအထိ သွင်းထားလို့ ကမ္ဘာ့ဖလား အုပ်စုအဆင့်တင် သူတို့ ၃ ဦးပေါင်း ဂိုးက ၁၆ ဂိုးအထိ ဖြစ်နေပါတယ်
    • ရေးသားသူ, အဲလက် ဟို့ဒ်
    • ရာထူးတာဝန်, ဘီဘီစီအားကစား သတင်းထောက်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၅

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲတွေ ၇၂ ပွဲပြီးပါပြီ။ ၃၂ သင်းပွဲတွေ ကျန်ပါတော့တယ်။

အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီ ကိန်းနဲ့ နည်းပြ သောမတ်စ် တူခယ်တို့ကတော့ ဒီအကြောင်း ပြီးခဲ့တဲ့တစ်ပတ်ကတည်းက ပြောခဲ့ကြပြီးပါတယ်။ ပထမက အုပ်စုအဆင့်တက်ဖို့နဲ့ နောက်တစ်ဆင့်က ရှံးထွက်အဆင့်မှာနိုင်ဖို့ ကြိုးပမ်းရမှာကို သူတို့ဆိုလိုတာပါ။ နှစ်ဆင့်စလုံးဟာ မတူညီနဲ့ယှဉ်ပြိုင်မှုလို့ သူတို့ ယူဆပါတယ်။

ကမ္ဘာ့ဖလားအုပ်စုအဆင့်ပွဲဟာ ကြည့်ရတာ နှစ်ခြိုက်စရာအပြည့်ဖြစ်ခဲ့ပါတယ်။ စံချိန်ချိုးခဲ့တာတွေ၊ မထင်မှတ်ထားတဲ့အသင်းတွေက အောင်ပွဲခံခဲ့တာတွေနဲ့ အပြိုင်ဂိုးသွင်းကြလို့ ရွှေဖိနပ်ဆု ဘယ်သူများရမလဲလို့ တွေးစရာတွေ ပေါ်ခဲ့သလို အငြင်းပွားစရာအခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါက မပြောပလောက်ပါဘူး။

ကွန်ပျူတာတွေ ခန့်မှန်းချက်ထက် ကွင်းထဲက တကယ့်ရလဒ်ကလည်း လွဲခဲ့ပါတယ်။ အခုဆို အုပ်စုအဆင့်အသင်းတွေထဲကနေ ရမှတ် ၄ မှတ်နဲ့ အုပ်စုတတိယအကောင်းဆုံးအသင်း ၇ သင်းအဖြစ် ရှုံးထွက်အဆင့်တက်မယ့်အသင်းတွေလည်း ရှိနေပါတယ်။

ဒီရှုံးထွက်အဆင့်ပွဲဟာ ကိုယ့်အကြိုက်နာမည်ကြီးကစားသမားတွေ၊ မထင်မှတ်ထားဘဲ အဆင့်တက်သွားတဲ့အသင်းတွေ၊ စိတ်ဝင်စားဖို့ကောင်းတဲ့အသင်းတွေနဲ့ပြည့်နေပါတယ်။

၃၂ သင်းအဆင့်ဟာ နောက်ဆုံးပွဲစဉ်အဖြစ် အမေရိကန်ပြည်ထောင်စုက နယူးယောက် နယူးဂျာစီကွင်းမှာ ဇူလိုင် ၁၉ ရက်မှာ ဗိုလ်လုပွဲရောက်အထိ စိတ်၀င်စားဖို့ကောင်းတဲ့ပွဲတွေနဲ့ပြည့်နေပါတယ်။ ဒီတော့ ရှုံးထွက်အဆင့် ၁၆ ပွဲက ဘာလို့ စိတ်၀င်စားဖို့ကောင်းတာပါလဲ။

တနင်္ဂနွေနေ့ (ဇွန် ၂၈ ရက်)

တောင်အာဖရိက - ကနေဒါ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အခုပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် တစ်ခါမှာမကြုံဖူးတဲ့အဆင့်ဖြစ်ပါတယ်။ တောင်အာဖက အသင်းရော၊ ကနေဒါပါ ဒီအဆင့်အထိ မတက်ဖူးကြပါဘူး။ ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင်ဖြစ်တဲ့ ကနေဒါအတွက်တော့ အဝေးကွင်းဖြစ်ပေမဲ့ သူ့ကို အားပေးမယ့်ပရိတ်တွေ အမေရိကန်က လော့အိန်ဂျလိစ်မြို့အထိ ခရီးနှင်နိုင်ကြခြေရှိပါတယ်။

တနင်္လာနေ့(ဇွန် ၂၉)

ဘရာဇီး - ဂျပန်

တစ်ဦးကောင်းတစ်ယောက်ကောင်း ကစားသမားကောင်းတွေနဲ့အသင်းက စနစ်ကျကျ ကစားတဲ့အသင်းကို ယှဉ်ပြိုင်မယ့်ပွဲဆိုလည်း မမှားပါဘူး။ ခြေစွမ်းပြ ကစားနိုင်ခြေရှိတဲ့ဂျပန်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက ပွဲမှာတော့ ကမ္ဘာ့ဖလား ၅ ကြိမ်မြောက် ချန်ပီယံ ဘရာဇီးကို ၃ ဂိုး ၂ ဂိုးနဲ့နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဂျပန်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ အပြတ်အသတ်ရှုံးခဲ့တဲ့ ရှုံးကြွေးကို ဒီတစ်ကြိမ်ပြန်ဆပ်မှာလားဆိုတာ စိတ်ဝင်စားဖို့ကြောင်းပါတယ်။

ဂျာမနီ - ပါရာဂွေး

ပါရာဂွေးဟာ ၂၀၀၂ ခုနှစ်တုန်းက ကမ္ဘာ့ဖလား နောက်ဆုံး ၁၆ သင်းအဆင့်ပွဲမှာ ၁ ဂိုး ဂိုးမရှိတဲ့ရှုံးခဲ့ ရှုံးကြွေးကို ပြန်ဆပ်ဖို့ ဒီတစ်ခေါက် ဂျာမနီကို ရင်ဆိုင်မှာဖြစ်ပါတယ်။

အင်္ဂါနေ့ (ဇွန် ၃၀)

နယ်သာလန် - မော်ရိုကို

အခုအကျော့ရဲ့သူတင် ကိုယ်တင် ပွဲစဉ်တစ်ပွဲလို့တောင် ဆိုနိုင်ပါတယ်။ ၃၂ သင်းကိုလည်း အသာလေးဖြတ်ကျော်မယ်လို့ ခန့်မှန်းခံထားရတဲ့ နယ်သာလန်ဟာ ပြီးခဲ့တဲ့တစ်ခေါက် ကမ္ဘာ့ဖလားမှာ အကြိုဗိုလ်လုပွဲအထိ တက်ခဲ့တဲ့ မော်ရိုကိုကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ထူးခြားတာက မော်ရိုဘက်ဟာ အသက် ၁၈ နှစ်အရွယ် ကွင်းလယ်ကစားသမား အာရော့ ဘွာဒီးလို လူငယ်ကစားသမားကို အားဖြည့်ထားတာဖြစ်ပါတယ်။

အိုင်ဗရီကို့စ် - နော်ဝေ

ဟန့်မရ တားမရ အသင်းနဲ့ ရှေ့မတိုးအောင် ခံစစ်လုံတဲ့အသင်းတို့ ဆုံကြတာဖြစ်ပါတယ်။ အာလင်း ဟာလန်းရဲ့နော်ဝေအသင်းဟာ ခံစစ်အားကောင်းတဲ့ အိုင်ဗီကို့စ်ကို ယှဉ်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ နော်ဝေဘက်က အားကတော့ သူ့ပရိသတ်တွေ ဒါးလက်စ်ကွင်းထဲအထိ ဆက်ချီတက်ကြမှာတော့ အသေအချာပါ။

ပြင်သစ်- ဆွီဒင်

ပြင်သစ်ဟာ တိုက်စစ်ကြွယ်ဝတယ်ဆိုတာ အားလုံးသိကြပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ကွင်းထဲမှာတော့ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ တိုက်စစ်နဲ့ ခံစစ်ဆော့ကြမယ့်ကစားသမားနှစ်ဦးဖြစ်ပါတယ်။ အာဆင်နယ်အသင်းဖော်တွေဖြစ်ကြတဲ့ ဗစ်တာ ယော့ကရက်စ်နဲ့ ဝီလီယံ ဆာလီဘာတို့ နှစ်ယောက် နိုင်ငံ့အသင်းတွေကို ကိုယ်စားပြုပြီး အခုပွဲကို ကန်ကြမှာဖြစ်ပါတယ်။ ဒီတော့ ပရီးမီးယားလိဂ်က ဒီချန်ပီယံနှစ်ယောက် ဘယ်သူက နိုင်ငံ့အသင်းနဲ့ ပိုခြေစွမ်းပြကြမလဲဆိုတာကလည်း စိတ်၀င်စားဖို့ကောင်းပါတယ်။

ဗုဒ္ဓဟူးနေ့(ဇူလိုင် ၁ ရက်)

မက္ကဆီကို - အီကွေဒေါ

မက္ကဆီကိုဟာ အိမ်ကွင်း မက္ကစီတီ ဘောလုံးကွင်ငးကြီးထဲမှာ ကန်ရမှာဖြစ်ပါတယ်။ အင်္ဂလန်နဲ့တွေ့နိုင်ခြေရှိတဲ့ ဒီပွဲက ခြေစွမ်းကို အကဲခတ်ဖို့ ကြည့်သင့်တဲ့ပွဲလည်း ဖြစ်နေပြန်ပါတယ်။

အင်္ဂလန် - ဒီအာရ် ကွန်ဂို

ဒေသစံတော်ချိန်ကွာခြားချက်အရ ဒီပွဲဟာ အင်္ဂလန်ပရိသတ်တွေအတွက်တော့ မိသားစုနဲ့အတူ ကြည့်နိုင်တဲ့ပွဲချိန်ဖြစ်နေပါတယ်။ ဗြိတိသျှ ဒေသစံတော်ချိန်အရ ညနေ ၅ နာရီမှာ ကန်မယ့်ပွဲ ဖြစ်နေတာကြောင့်ပါ။

ဘယ်လ်ဂျီယံ - ဆီနီဂေါ

တကယ်တော့ ဒီနှစ်သင်းစလုံးဟာ အုပ်စုအဆင့်မှာ နောက်ဆုံးအထိ တင်ကျန်ရစ်ဖို့ ကျားကုတ်ကျားခဲ ယှဉ်ပြိုင်ခဲ့ကြတဲ့အသင်းတွေဖြစ်ပါတယ်။ ဘယ်လ်ဂျီယံရဲ့ရွှေခတ်မျိုးဆက်မှာ တလက်လက်တောက်မယ့်ကစားသမားအချို့ ကျန်နေသေးပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း ဆီနီဂေါဟာ အုပ်စုမှာ တတိယနေရာကနေ တက်လာခဲ့ရတဲ့အသင်းလို့ဆိုပေမဲ့ နော်ဝေ၊ ပြင်သစ်နဲ့ အီရတ်တို့နဲ့ပွဲတွေမှာ ၈ ဂိုးအထိ သွင်းခဲ့တဲ့အသင်းဖြစ်နေပါတယ်။

ကြာသပတေး(ဇူလိုင် ၂ ရက်)

အမေရိကန် - ဘော့စနီးယား

ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင်နိုင်ငံဖြစ်တဲ့ အမေရိကန်အတွက်တော့ လွတ်လပ်ရေးနေ့ ကျရောက်တဲ့ ဇူလိုင် ၄ ရက်မှာ မဟုတ်ဘဲ ၂ ရက်စော ကန်ရတဲ့ပွဲဖြစ်နေပါတယ်။ အမေရိကန်ဟာ အုပ်စုအဆင့် နောက်ဆုံးပွဲမှာ တူရကီကို အပြတ်အသတ်နိုင်ခဲ့တာတော့ မဟုတ်ပြန်ပါဘူး။ တဖက်မှာလည်း သူ ယှဉ်ပြိုင်ရမယ့် ဘော့စနီးယားဟာ အီတလီကို ခြေစစ်ပွဲမှာနိုင်ခဲ့ပြီး အုပ်စုပွဲကနေ အခုဆို ၃၂ သင်းအထိ တက်လာပြီဖြစ်ပေမဲ့ ခြေစွမ်းသိသိသာသာပြထားနိုင်တဲ့အသင်းမျိုးတော့ မဟုတ်ပါဘူး။

စပိန် - သြစတြီးယား

လာမင်း ယာမယ်နဲ့ သူ့ရဲ့ ဥရောပချန်ပီယံ စပိန်အသင်းဟာ ပွဲကစားချိန် နောက်ဆုံးစက္ကန့်တွေမှာ ကပ်သီလေး ကျော်ဖြတ်နိုင်အောင် ကစားတဲ့သြစတြီးယားလိုအသင်းကို ကိုယ်စွမ်းအပြင် ကစားပုံမတူညီမှုနဲ့ပါ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အသက် ၄၁ နှစ်အထိ ကမ္ဘာ့ဖလားပွဲ ယှဉ်ပြိုင်ကစားနေတဲ့ ပေါ်တူဂီ ကစားသမား ရော်နယ်ဒို

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, အသက် ၄၁ နှစ်အထိ ကမ္ဘာ့ဖလားပွဲ ယှဉ်ပြိုင်ကစားနေတဲ့ ပေါ်တူဂီ ကစားသမား ရော်နယ်ဒို

သောကြာ(ဇူလိုင် ၃)

ပေါ်တူဂီ - ခရိုအေးရှား

ခြေစွမ်းပြကြရမယ့် နောက်ဆုံးပွဲလားလို့ မေးခွန်းရှိနေပါတယ်။ နောက် ၄ နှစ်မှ တစ်ခေါက်ကျင်းပမယ့် ကမ္ဘာ့ဖလားမှာ ခရိုအေးရှားက အသက် ၄၀ လူကာ မိုဒရစ်အတွက်ရော ပေါ်တူဂီရဲ့ အသက် ၄၁ နှစ်အရွယ် ရော်နယ်ဒိုရော မမြင်ရတော့ဖို့ သေချာသလောက်ပါ။ ဒါကြောင့် လာမယ့်တစ်ပတ် သောကြာနေ့မှာ ကန်မယ့် ဒီပွဲဟာ သူတို့နှစ်ဦးစလုံးအတွက် ကမ္ဘာ့ဖလားမှာ နောက်ဆုံး ကန်ကြတဲ့ပွဲတွေ ဖြစ်သွားမလားဆိုတာလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဆွစ်ဇာလန် - အယ်လ်ဂျီးရီးယား

ဆွစ်ဇာလန်ဟာ ကမ္ဘာ့ဖလား ဝင်ကန်တဲ့ ပြိုင်ပွဲ ၁၃ ပွဲသက်တမ်းတစ်လျှောက်မှာ အုပ်စုအဆင့်နဲ့ထွက်ခဲ့ရတဲ့ပွဲဆိုလို့ ၄ ပွဲပဲရှိပါတယ်။ ဒါပေမဲ့ ဆွစ်ဇာလန်ဟာ ရှုံးထွက်အဆင့်ကနေ ကျော်လွန်တဲ့အထိ တက်နိုင်ဖို့ ကြိုးပမ်းနေတုန်းဖြစ်ပါတယ်။ တဖက်မှာလည်း ဆွစ်ဇာလန်ဟာ ခေတ်သစ် 'မာဇာဒိုနာ' လို့ နာမည်ပြောင်ပေးခံရတဲ့ အသက် ၂၀ အရွယ် အီဘရာဟင် မာဇာလို ကစားသမားပါတဲ့ အယ်လ်ဂျီးရီးယားအသင်းကို ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

သြစတြေးလျ - အီဂျစ်

မိုဟာမက် ဆာလတစ်ယောက် အီဂျစ်အသင်းအတွက် နိုင်ငံတကာအားကစားပွဲတွေမှာ ဂိုးအများဆုံးသွင်းတဲ့ကစားသမားအဖြစ် စံချိန်ချိုးဖို့ ကြိုးစားနေချိန်မှာပဲ အုပ်စုအဆင့်ပွဲမှာ လူစားထိုးခံခဲ့ရတာကလည်း စိတ်ဝင်စားဖို့ ကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်နေပါတယ်။ အထူးသဖြင့် သူ စံချိန်ချိုးဖို့ ကြိုးစားနေတာက သူ့ကို လူစားထိုးလိုက်တဲ့ အသင်းနည်းပြ ဟိုဆမ် ဟာဆမ် သွင်းထားတဲ့ ဂိုးအရေအတွက်ကို ဖြစ်ပါတယ်။ ဆာလဟာ လက်ရှိမှာ အုပ်စု ဂျီရဲ့ ဒုတိယမြောက်အသင်းအဖြစ် အုပ်စုတက်လာတဲ့ အီဂျစ်အတွက် တစ်ဂိုးသွင်းပြီး အသင်းဖော်တွေကို ၂ ဂိုးသွင်းနိုင်အောင် ဘောလုံး ကူထောက်ပေးခဲ့သူဖြစ်ပါတယ်။

အာဂျင်တီးနား - ကိပ် ဗာဒီ

ကမ္ဘာ့ဖလား အုပ်စုအဆင့်ပွဲမှာတင် ၆ ဂိုးသွင်းထားတဲ့ မက်ဆီဟာ အုပ်စုပွဲတွေမှာ ဂိုးမပေးရအောင် ခုခံကာကွယ်ခဲ့သူအဖြစ် ကမ္ဘာကျော်သွားတဲ့ ကိပ် ဗာဒီအသင်းက အသက် ၄၀ အရွယ် ဂိုးသမား ဗိုဇင်ညာကို ကျော်ပြီး ဂိုးသွင်းနိုင်မလားဆိုတာလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

စနေနေ့ (ဇူလိုင် ၄)

ကိုလံဘီယာ - ဂါနာ

အခုတစ်ခေါက် ကမ္ဘာ့ဖလားမှာ ကစားသမားတွေရဲ့ ယှဉ်ပြိုင်ကစားပုံက အံ့သြစရာတွေဖြစ်ခဲ့သလို ၃ နိုင်ငံဖြတ်ကျော်ကျင်းပတဲ့ ထူးထူးခြားခြား ပြိုင်ပွဲကို ပရိသတ်တွေရဲ့ အားပေးမှုကလည်း သြချစရာဖြစ်ပါတယ်။ ကိုလံဘီယာ ပရိသတ်တွေ နိုင်ငံ့အလံ အဝါရောင် ဝတ်ဆင်ပြီး ပွဲကြည့်စင်ထက်ကနေ အားတက်သရော အားပေးတာ မြင်ရနိုင်ခြေရှိသလို ဂါနာအသင်းပရိသတ်တွေကလည်း မလျှော့တဲ့နှုန်းနဲ့ အားပေးကြနိုင်ခြေရှိပါတယ်။