ရူးဘစ်ကျုကို ၄.၂၇ စက္ကန့်နဲ့ အပြီးလုပ်နိုင်တဲ့ ၆ နှစ်သမီးလေး

ဗီဒီယို ပုံစာ, ရူးဘစ်ကျုကို ၄.၂၇ စက္ကန့်နဲ့ အပြီးလုပ်နိုင်တဲ့ ၆ နှစ်သမီးလေး
ရူးဘစ်ကျုကို ၄.၂၇ စက္ကန့်နဲ့ အပြီးလုပ်နိုင်တဲ့ ၆ နှစ်သမီးလေး
ရေးသားခဲ့သည်။

တရုတ်နိုင်ငံ ဆီချွမ်ပြည်နယ်က လျန်ယွန်ဂျီဟာ ရူးဘစ်ကျုကို ပျမ်းမျှ ၄.၅ စက္ကန့်အတွင်း အပြီးလုပ်နိုင်တဲ့ အမျိုးသမီးစံချိန်ရှင်ဖြစ်လာပါတယ်။ အမျိုးသမီးဆိုပေမဲ့ သူက အသက် ၆ နှစ်ပဲရှိသေးတဲ့ ကလေးမလေးပါ။

သူက ပထမတစ်ကြိမ်မှာ ၄.၅၂ စက္ကန့်နဲ့ စံချိန်တင်ပါတယ်။ နောက်နှစ်ရက်ပဲ အကြာမှာ ၄.၂၇ စက္ကန့်နဲ့ သူ့စံချိန်ကို သူပဲ ထပ်ချိုးလိုက်ပါတယ်။ လျန်ယွန်ဂျီဟာ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း တစ်နေ့ကို နှစ်နာရီက သုံးနာရီကြာအောင် ရူးဘစ်ကျုကို လေ့ကျင့်ကစားနေခဲ့တာလို့ တရုတ်မီဒီယာတွေမှာ ဖော်ပြပါတယ်။ •

#ဘီဘီစီမြန်မာပိုင်း #အမျိုးသမီး #တရုတ် #ရူးဘစ်ကျု