မီတာ ၁၀၀ အမြင့်ကကြိုးတန်းကို အထိန်းမပါဘဲ လျှောက်သူ
မီတာ ၁၀၀ အမြင့်ကကြိုးတန်းကို အထိန်းမပါဘဲ လျှောက်သူ
ရေးသားခဲ့သည်။
ပြင်သစ်က Loos-en-Gohelle မြို့မှာ ကြိုးတန်းလျှောက်သူ အမျိုးသမီး တာီယာနာ မိုဆီယို ဘွန်ဂွန်ဂါက မြေစာပုံကြီးနှစ်ခုကြား သွယ်တန်းထားတဲ့ ပေ ၃၀၀ အမြင့်က ကြိုးတန်းကို အထိန်းကြိုး မပါဘဲ လျှောက်ပြသွားခဲ့ပါတယ်။ အဲဒီမြို့ဟာ ပြင်သစ်မှာ စက်မှုထွန်းကားစအချိန်က သတ္တုတွင်းတူးဖော်တဲ့ လုပ်ငန်းနဲ့ နာမည်ကျော်ခဲ့ပြီး အခု မြေစာပုံကြီးတွေက စက်ရုံက စွန့်ပစ်အမှိုက်တွေကထွက်လာတဲ့ ဥရောပရဲ့ အမြင့်ဆုံး မြေစာပုံကြီးတွေ ဖြစ်ပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #ပြင်သစ် #ကြိုးတန်းလျှောက်သူ



