ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရန် အမေရိကန် ငြိမ်းချမ်းရေး သမ္မတတွေ လက်မှတ်ရေးထိုး
အမေရိကန် သမ္မတ ထရမ့်နဲ့ အီရန် သမ္မတ ပီဇက်ရှ်ကီယန် တို့ဟာ စစ်ပွဲ အဆုံးသတ်ရေး ရည်ရွယ်တဲ့ ကနဦး ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ချက်ချင်း အသက်ဝင်လာမယ့် နားလည်မှု စာချုပ်ထဲမှာ စစ်မျက်နှာ အားလုံးမှာ တိုက်ခိုက်မှုတွေ အဆုံးသတ်ရေးနဲ့ ဟော်မုဇ် ရေလက်ကြားကို ပြန်လည် ဖွင့်လှစ်ရေး စတဲ့ အ ချက်တွေ ပါဝင်ပါတယ်။ ဒါပေမဲ့ အီရန်ရဲ့ နျူကလီးယား အစီအစဉ်လိုမျိုး ခက်ခဲတဲ့ ပြဿနာတွေကိုတော့ ဖြေရှင်း နိုင်ခြင်း မရှိသေးပါဘူး။ ဒီသဘောတူညီချက်နဲ့ ပတ်သက်ပြီးတော့လည်း သမ္မတ ထရမ့်ရဲ့ နိုင်ငံရေး မဟာမိတ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ ဘီဘီစီ သတင်းထောက် တိုမို့စ် မော်ဂန် ဝါရှင်တန်ကနေ ပေးပို့ထားတဲ့ သတင်းကို ကိုဇေယျာက ပြောပြပေးမှာပါ။