စီဒီအမ် ဝင်ထားသူတွေ ပြည်တွင်းပြန်ရင် လေဆိပ်မှာ ဖမ်းဆီး စစ်ဆေးခံရ
စီဒီအမ် ဝင်ထားသူတွေ ပြည်တွင်းပြန်ရင် လေဆိပ်မှာ ဖမ်းဆီး စစ်ဆေးခံရ
ရေးသားခဲ့သည်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့သူတွေ အမည်ပျက်စာရင်း Black List ကနေ ပယ်ဖျက်ပေးမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နေပြည်တော်က ထုတ်ပြန်ခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက ဒီလိုဖိတ်ခေါ်မှုတွေကို ဆက်တိုက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၂၅ ရွေးကောက်ပွဲအပြီးမှာ ထပ်မံဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုဖိတ်ခေါ်တဲ့အထဲမှာ ပြည်ပရောက်နေသူတွေကိုလည်း နီးစပ်ရာသံရုံးတွေကတစ်ဆင့် ဆက်သွယ်ပြီး black list စာရင်းကနေ ဖြေလျှော့ပေးမယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့သံရုံးတွေကနေတဆင့် ဆက်သွယ်ပြီး မြန်မာ နိုင်ငံထဲကို ပြန်ဝင်လာခဲ့ကြတဲ့ စီဒီအမ်ဝန်ထမ်း တချို့ ရန်ကုန်လေဆိပ်ကိုအရောက်မှာ ဖမ်းဆီးခံရပြီး ရက်အတန်ကြာအောင် စစ်ဆေးခံရတာတွေရှိနေပါတယ်။ မစန္ဒာဝင်းက ပြောပြမှာပါ။



