ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရန်စီးပွားရေး အကြပ်အတည်း စစ်ကြောင့် ပိုနက်ရှိုင်းလာ
အီရန်နိုင်ငံခြားရေး ဝန်ကြီးက အမေရိကန်ဘက်က စစ်အဆုံးသတ်ဖို့ နောက်ထပ် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်လိုကြောင်း ကမ်းလှမ်းထားတယ်လို့ ပြောပါတယ်။ နောက်ပြီး ဝါရှင်တန်ဘက်က သူတို့လိုချင်တဲ့ ရည်မှန်းချက် တခုမှ အကောင်အထည် မဖော်နိုင်ခဲ့ကြောင်းလည်း ပြောပါတယ်။ သူက ရုရှားကို ရောက်ရှိနေစဉ်မှာအခုလို ပြောကြားခဲ့တာဖြစ်ပြီး ရုရှား သမ္မတ ပူတင်ကိုလည်း သူတို့ကို ထောက်ခံအားပေးမှုအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ အီရန်ထဲမှာတော့ စစ်ကြောင့် ဖြစ်ရတဲ့ စီးပွားရေး အကြပ်အတည်းတွေကို ပိုမိုနက်ရှိုင်းလာနေပါတယ်။ ဘီဘီစီရဲ့ နိုင်ငံတကာရေးရာ သတင်းထောက်ချုပ် လိစ္စ ဒူးဆက်က အီရန်က တဟီရန်မြို့တော်ထဲက ပေးပို့ထားတဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။