လပေါ်မှာ အမြဲတမ်း အာကာသစခန်း NASA ဆောက်မယ်
လပေါ်မှာ အမြဲတမ်း အာကာသစခန်း NASA ဆောက်မယ်
ရေးသားခဲ့သည်။
အမေရိကန် အမျိုးသား အာကာသအေဂျင်စီ နာဆာက လပေါ်မှာ အမြဲတမ်း အာကာသစခန်း တခု တည်ဆောက်မယ့် အစီအစဉ်တွေကို ကြေညာခဲ့ပါတယ်။ လပေါ်မှာ လူသားတွေ အမြဲနေထိုင်ရင်း သိပ္ပံစမ်းသပ်မှုတွေ စဉ်ဆက်မပြတ် လုပ်သွားနိုင်စေဖို့ အတွက် ဖြစ်ပါတယ်။ အရွယ်အစား အားဖြင့် စတုရန်း ကီလိုမီတာ ရာနဲ့ ချီ ကျယ်မယ့် ဒီအာကာသစခန်းအတွက် တည်ဆောက်စရိတ် ဒေါ်လာ ဘီလျံ ၂၀ ကုန်ကျမှာ ဖြစ်ပြီး လာမယ့် ၇ နှစ် အတွင်း စတင်ဖို့အတွက် ရည်မှန်းထားပါတယ်။ အဲဒီ စခန်း စတင်တည်ဆောက်ဖို့ အတွက် စေလွှတ်မယ့် ကနဦး ခရီးစဉ် ၃ ခုနဲ့ ပတ်သက်လို့လည်း နာဆာက ကြေညာခဲ့ပါတယ်။ ဘီဘီစီရဲ့ သိပ္ပံပညာဆိုင်ရာ သတင်းထောက် ပါလက်ဘ်ဂို့ရှ်ပေးပို့ထားတဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။



