ရဲကအလိုရှိနေသူ ခေါင်မိုးပေါ်အိပ်ပျော်နေတုန်း ဖမ်းမိ
ရဲကအလိုရှိနေသူ ခေါင်မိုးပေါ်အိပ်ပျော်နေတုန်း ဖမ်းမိ
ရေးသားခဲ့သည်။
ယူကေက ဆဲလ်ဖို့ဒ်မြို့မှာ ရဲကအလိုရှိနေသူတစ်ယောက် အိမ်တစ်လုံးရဲ့ခေါင်မိုးပေါ်တက်နေပြီး ၄၈ နာရီကြာအောင် ဆင်းမလာဘဲနေနေရာက သူအိပ်ပျော်သွားချိန် ရဲက လှေကားထောင်တက်ပြီး ဆွဲချဖမ်းဆီးခဲ့တာ တွေ့ရမှာပါ။ အဲဒီ ၃၇ နှစ်အရွယ်လူဟာ ထောင်က ခံဝန်နဲ့ပြန်လွှတ်ထားချိန် ပြစ်မှုတွေ ထပ်ကျူးလွန်လို့ ထောင်ကိုပြန်လာဖို့ဆင့်ခေါ်ထားချိန် နောက်ထပ် ဖောက်ထွင်းမှု၊ ခိုးမှု၊ ရဲကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေကြောင့် စွဲချက်အသစ်တွေနဲ့ ရင်ဆိုင်ရမှာပါ။ •
#ဘီဘီစီမြန်မာပိုင်း #ယူကေ #ရာဇဝတ်မှု #ပြစ်မှု



