BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
မေ ၃၀ ရက်သတင်းအနှစ်ချုပ် - အမျိုးသားလုံခြုံရေးဗျူရိုမှာ တပ်ချုပ်က နံပါတ်သုံးနေရာရောက်
စစ်မြေပြင်မှာ စစ်ရေးအရ တိုက်ပွဲဝင်နေရတဲ့အပြင် တဖက်မှာလည်း အာရက္ခတပ်တော်အပေါ် နိုင်ငံတကာဖိအားတွေရအောင် အစုအဖွဲ့နဲ့ တစ်ဦးချင်းလုပ်နေကြတာကို ရင်ဆိုင်နေရတယ်လို့ အေအေက ပြောပါတယ်။
အိန္ဒိယက တရုတ်နဲ့အပြိုင် နေပြည်တော်ကိုဘာကြောင့် လက်မလွှတ်တာလဲ
ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်ဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် နေပြည်တော်နဲ့ အိန္ဒိယကြား ဆက်ဆံရေး ပိုမိုထင်ရှားလာမှုကို ပြသနေပါတယ်။တရုတ်နဲ့ ဒေသတွင်း အင်အားပြိုင်မှု၊ နယ်စပ်လုံခြုံရေးနဲ့ အိန္ဒိယရဲ့ မဟာဗျူဟာစီမံကိန်းတွေကြား မြန်မာကို အိန္ဒိယက ဘာကြောင့် လက်မလွှတ်ချင်သလဲ။
ချယ်ရီထက် ပဟေဠိ
မြန်မာနိုင်ငံရဲ့ အကျော်ကြားဆုံးအမျိုးသမီးနိုင်ငံရေးသမားနဲ့ သူ့ရဲ့ကိုယ်ရံတော်တို့ရဲ့ ကောင်းမွန်တဲ့ အမှတ်တရတွေဟာ ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုနဲ့အတူ လွမ်းစရာအတိတ်အဖြစ်ကျန်ခဲ့ပါတယ်။
မကြာခင်ပေါက်ကွဲနိုင်တဲ့ရေအောက်မီးတောင်အချို့အန္တရာယ် စိုးရိမ်သင့်ပြီလား
ကမ္ဘာပေါ်က မီးတောင်တွေရဲ့ သုံးပုံ နှစ်ပုံဟာ ရေအောက်မှာရှိနေတယ်လို့ ယူဆထားပြီး ရေအောက်က အဲဒီမီးတောင်တွေအရေးကို သိပ္ပံပညာရှင်တွေ ကျယ်ကျယ်ပြန့်ပြန့် မသိနိုင်ကြသေးပါဘူး။
ကိုးကန့်ထိန်းချုပ် ကွတ်ခိုင်မှာ အုပ်ချုပ်ရေးနဲ့ ဘဏ်လုပ်ငန်းပြန်စရေး နေပြည်တော်ကြိုးပမ်း
တအာင်းတပ် (TNLA) ဆီကနေ ကိုးကန့်တပ် (MNDAA) ရယူထိန်းချုပ်လိုက်တဲ့ ရှမ်း(မြောက်) ကွတ်ခိုင်မြို့မှာ နေပြည်တော်ဘက်က ဌာနဆိုင်ရာနဲ့ ဘဏ်လုပ်ငန်းတွေပြန်လည်ပတ်ဖို့ စိုင်းပြင်းနေပါတယ်။
လုံခြုံရေးစံမရှိတဲ့ သင်္ဘောတွေပေါ်က မြန်မာသင်္ဘောသားတွေရဲ့ အသက်အန္တရာယ်
သင်္ဘောပေါ်က အလုံပိတ်နေရာတွေမှာ မြန်မာသင်္ဘောသားတွေ သေဆုံးမှုတွေရှိနေတာဟာ သင်္ဘောပေါ် လုံခြုံရေးလုပ်ငန်းစဉ်တွေ အားနည်းမှုနဲ့ ဆက်စပ်နေတယ်လို့ မြန်မာသင်္ဘောသားအသိုင်းအဝိုင်းက ရှုမြင်နေကြပါတယ်။
ကချင်-စစ်ကိုင်းအစပ်ဒေသတွေကို စစ်တပ်နဲ့ ကေအိုင်အေ လွန်ဆွဲမှု
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းကို ဖြတ်သွားတဲ့ မန္တလေး–မြစ်ကြီးနားလမ်းပေါ်က မြို့နယ် ၃ ခုထက်မနည်းမှာ တိုက်ပွဲတွေဆက်ရှိနေလို့ ကားတွေ ရာနဲ့ချီပိတ်မိနေကြပါတယ်။ လမ်းပေါ်မှာ ပိတ်မိနေတဲ့ ယာဉ်မောင်းနဲ့ ခရီးသည်တွေကို ၅ ရက်လောက်အထိ အဆက်အသွယ်မရဘဲ မိသားစုတွေ စိုးရိမ်နေကြပါတယ်။
ပရီးမီးယားလိဂ်ရာသီ အကောင်းဆုံးအသင်း
ဘီဘီစီ ဘောလုံးသုံးသပ်သူ ထရွိုင်ဒီနီက ပရီးမီးယားလိဂ် တစ်ရာသီစာ အကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီအသင်းမှာ ဘယ်သူတွေ ပါဝင်လာခဲ့သလဲ။
ဖီဖာဟာ ကစားသမားတွေကို အပူဒဏ်အန္တရာယ်က လုံလောက်တဲ့ကာကွယ်မှုမပေး - သိပ္ပံပညာရှင်များ
၂၀၂၆ အမျိုးသား ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အပူချိန် အခြေအနေနဲ့ပတ်သက်ပြီး ကစားသမားတွေ ဘေးကင်းရေးအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က လုပ်ဆောင်ထားတဲ့ အစီအမံတွေဟာ မလုံလောက်ဘဲ ကစားသမားတွေ ထိခိုက်နိုင်တယ်လို့ ကမ္ဘာ့ဦးဆောင် သိပ္ပံပညာရှင်တွေက ပြောလာပါတယ်။
‘‘မြန်မာကိုကိုယ့်နိုင်ငံလို့ပဲမှတ်ယူလို့အမြန်ဆုံးအေးချမ်းစေချင်ပြီ’’- အရှင်ပညာကာရ(Walk For Peace)
အမေရိကန်ပြည်ထောင်စုမှာ သီတင်းသုံးတဲ့ ဗီယက်နမ်နွယ်ဖွား ဆရာတော် အရှင်ပညာကာရဟာ လာမယ့်လတွေအတွင်း မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာကို ကြွဖို့ရှိနေပါတယ်။
စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ ဆရာဝန်တွေ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကစလို့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက်အထိ တပ်ချုပ်တွေဟာ သူတို့ ယုံကြည်စိတ်ချရသူတွေကိုပဲ ဆရာဝန်အဖြစ်ထားလေ့ရှိပြီး စစ်တပ်ရဲ့ ဆေးလောကမှာ အမြင့်ဆုံးရာထူးဖြစ်တဲ့ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးနေရာကိုပါ ချီးမြှင့်လေ့ရှိကြပါတယ်။
အိန္ဒိယရဲ့ နိုင်ငံရေးဇာတ်ကောင်သစ် - ပိုးဟပ်
အိန္ဒိယရဲ့ အသစ်ဆုံး နိုင်ငံရေးလှုပ်ရှားမှုကတော့ လူတစ်ဦးကို စော်ကားတဲ့စကားတစ်ခုကနေ စတင်ခဲ့ပြီး နောက်ဆုံးမှာတော့ လူတွေက ပိုးဟပ် (cockroach) လို ဝတ်ဆင်ပြီး ဂုဏ်ယူနေတဲ့အထိ ရောက်သွားခဲ့ပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
ယော၊ဆောဒေသထဲ စစ်တပ်ရဲ့အင်အားဖြည့်တင်းမှုနဲ့ ချင်း-ရခိုင် စစ်ရေးဖိအား
ယော၊ဆောဒေသထဲက ကံကြီးရွာကို စစ်တပ်က အင်အားဖြည့်အထိုင်ချလိုက်သလို တစ်ဖက် ဆော-ကျောက်ထုလမ်းပိုင်းမှာလည်း စစ်အင်အားတွေဖြည့်တင်းစစ်ကြောင်းထိုးနေပါတယ်။ မကွေး၊ ရခိုင်နဲ့ ချင်း ပြည်နယ်ဒေသသုံးခုကို ဆက်သွယ်ထားတဲ့ ဆောမြို့နယ်ထဲက ကံကြီးရွာက စစ်ရေးအချက်အချာဗျူဟာဖြစ်လာပါတယ်။
စစ်မှုထမ်းတွေ အိမ်ပြန်ခွင့်ရနေပြီလို့ TikTok ကနေ ဘယ်လိုဝါဒဖြန့်သလဲ
စစ်မှုထမ်းဥပဒေနဲ့ စစ်သားစုဆောင်းခံရသူတွေထဲမှာ ပထမဆုံးတပ်ထဲရောက်ခဲ့တဲ့ အပတ်စဥ် ၁ တပ် သားတွေကို စစ်မှုထမ်းသက် ၂ နှစ်ပြည့်လို့ အိမ်ပြန်ခွင့်ပြုနေပြီလို့ နည်းလမ်းမျိုးစုံနဲ့ စစ်တပ်က သတင်း ထုတ်လာပါတယ်။
မြန်မာမှာ တရုတ်ငွေနဲ့ ရင်းနှီးမြှုပ်နှံဖို့ ဘာကြောင့် ခွင့်ပြုတာလဲ
အမေရိကန်ဒေါ်လာဟာ မြန်မာနိုင်ငံအတွက် အများဆုံးအသုံးဝင်တဲ့ ငွေကြေးဖြစ်သလို ငွေဖြစ် လွယ်တဲ့အရာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်အာဏာပိုင်တွေကတော့ ဒေါ်လာစီးဆင်းမှုတွေကို ကွင်းဆက်လိုက်ရှာဖွေတာမျိုးနဲ့၊ ပိတ်ဆို့အရေးယူတာတွေကို လုပ်နိုင်တဲ့အခြေအနေမျိုးရှိပါတယ်။
မြန်မာကို မုတ်သုံ ဘယ်လိုဝင်မလဲ
မြန်မာမှာ မုတ်သုံလေဟာ မေ ၁၃ ရက် ကနေ ၁၇ ရက်အတွင်း တောင်ပိုင်းဒေသတွေ၊ မေ ၁၈ ရက် ကနေ ၂၂ ရက်အတွင်း တနိုင်ငံလုံးကို ပြန့်နှံမှာဖြစ်တယ်လို့ နေပြည်တော်၊မိုးဇလ က ခန့်မှန်းတွက်ချက်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာထားလဲ
ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိထားတဲ့နေအိမ်ကတော့ နေပြည်တော်မြောက်ဘက်မှာရှိတဲ့ ဝန်ကြီးဟောင်းတစ်ဦးရဲ့နေအိမ်မှာလို့ ဘီဘီစီကစုံစမ်းသိရှိခဲ့ပါတယ်။


























































