ဟွန်ဆန်ကို ဝန်ကြီးချုပ်မင်းကြီး ခေါ်ရမယ်

ဓာတ်ပုံ ရင်းမြစ်, epa
ရေးသားခဲ့သည်။
ကမ္ဗောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကို ဝန်ကြီးချုပ် မင်းကြီးနဲ့ စစ်သေနာပတိ ခေါင်ချုပ်ကြီး (Lord Prime Minister and Supreme Military Commander )ဆိုတဲ့ ဂုဏ်ပုဒ်တွေ သုံးပြီး ခေါ်ဆိုရမယ်လို့ ညွှန်ကြားချက် ရောက်လာကြောင်း ကမ္ဗောဒီးယား သတင်း ဌာနတွေက ပြောကြား ပါတယ်။
ပြန်ကြားရေး ဝန်ကြီး ဌာနရဲ့ ၃ နာရီကြာ တွေ့ဆုံပွဲမှာ သြဂုတ်လကစပြီး ဝန်ကြီးချုပ်၊ ဝန်ကြီးချုပ် ကတော်နဲ့ တခြား အာဏာပိုင် တွေနဲ့ ပတ်သက်တဲ့ သတင်းတွေမှာ ဒီဂုဏ်ထူး အခေါ်အဝေါ် တွေကို အပြည့်အစုံ သုံးပြီး ခေါ်ဆိုဖို့ သတင်းထောက် တွေကို ပြောကြား ခဲ့ပါတယ်။
ဒီလို ခေါ်ဆို သုံးနှုန်းဖို့ ပျက်ကွက်မယ် ဆိုရင် အရေးယူ ခံရနိုင်တယ် လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ ဘယ်လို အရေးယူမယ် ဆိုတာတော့ သေချာ မသဲကွဲ ပါဘူး။




