အာဖဂန် သမ္မတ ရွေးကောက်ပွဲ အဖြေမထွက်

afghan_presidential_candidates_

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အာဖဂန် သမ္မတရွေးပွဲ ဝင်ရောက်ခဲ့သူတွေ
ရေးသားခဲ့သည်။

အာဖဂန်နစ္စတန် ရွေးကောက်ပွဲ ကနေ ထွက်ပေါ် လာခဲ့တဲ့ ရလာဒ်တွေ အရ၊ သမ္မတလောင်း ဘယ်သူမှ၊ မဲအရေအတွက် ရဲ့ ၅၀ ရာခိုင်နှုန်း ကို မရခဲ့တဲ့ အတွက်၊ ရွေးကောက်ပွဲ ဒုတိယ အဆင့်ကို ဂျွန်လဆန်း လောက်မှာ ကျင်းပ နိုင်ဖွယ် ရာ ရှိတယ် ဆိုပြီး၊ အာဖဂန် ရွေးကောက်ပွဲ ကော်မရှင် ရဲ့ တာဝန်ရှိသူတွေ က ပြောလိုက် ပါတယ်။

လွန်ခဲ့တဲ့ ၃ ပတ်က၊ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအရေအတွက် အသာနဲ့ ဦးဆောင်နေခဲ့တဲ့ ယခင် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Abdullah Abdullah ဟာ၊ မဲအားလုံး ရဲ့ ၄၄.၉ ရာခိုင်နှုန်း ပဲ ရရှိခဲ့ပါတယ်။

အနီးကပ်ဆုံး ပြိုင်ဘက် ယခင် ဘဏ္ဍာရေး ဝန်ကြီးဟောင်း Ashraf Ghani က၊ မဲတွေရဲ့ ၃၁.၅ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။

မေလလယ်ကတည်းက၊ ရွေးကောက်ပွဲ ရလာဒ်ကို ထုတ်ပြန်ပေးရမှာ ဖြစ်ပေမယ့်၊ အခုလို နှောင့်နှေးခဲ့ရတဲ့ အပေါ်၊ မဲ မသမာမှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်ဆွဲမှုတွေ၊ တိုးမြင့် လာစေပါတယ်။