ရှားလက် မင်းသမီး သတို့သမီးအရံလုပ်မယ်

Charlotte with the Duchess of Cambridge
ဓာတ်ပုံ ပုံစာ, ရှားလက်နဲ့ မယ်တော် ကိတ်
ရေးသားခဲ့သည်။

သုံးနှစ် အရွယ် ရှားလက် မင်းသမီးဟာ ဟယ်ရီနဲ့ မက်ဂန်တို့ လက်ထပ်ပွဲမှာ သတို့သမီးအရံ လုပ်မယ့် ၆ ယောက်ထဲမှာ ပါတယ်လို့ နန်းတော်က ထုတ်ပြန်လိုက်ပါတယ်။

သူ့အစ်ကိုတော် ၄ နှစ်သား ဂျော့ မင်းသား ကတော့ တခြား ယောက်ျားလေး ၃ ယောက်နဲ့အတူ ရှေ့ထွက် ကလေးတွေထဲမှာ ပါမှာပါ။

သူတို့ ဘထွေးတော် ဟယ်ရီ မင်းသားက သူ ခေါင်းကိုင်ဖခင် လုပ်ပေးရတဲ့ ကလေး ၃ ယောက်ကိုလည်း ဒီပွဲမှာ အရံလုပ်ဖို့ ဖိတ်ထားပါတယ်။

ဒီထဲက ဂျပ်စပါ ဒိုင်ယာ ဆိုရင် ဟယ်ရီကို မယ်တော် မရှိတဲ့နောက် ဖေးမ ကူညီခဲ့သူရဲ့ သားပါ။

ခုချိန်ထိ ဒီကလေးတွေ ဘာတွေ ဝတ်ကြမယ် ဆိုတာတော့ ထွက်မလာသေးပါဘူး။

၃၆ နှစ် ရှိတဲ့ မက်ဂန်က သူ့သူငယ်ချင်း အရင်းတွေထဲက တယောက်ကိုမှ အပျိုရံ အဖြစ် မရွေးဘဲ လက်ရှောင်ခဲ့ပါတယ်။

မက်ဂန်ကလည်း သူ ခေါင်းကိုင်မိခင် လုပ်ပေးခဲ့ရတဲ့ မိန်းကလေး ၂ ယောက်ကို အပျိုရံ အဖြစ် ရွေးထားပါတယ်။

နောက် သူ့သူငယ်ချင်း တယောက်ရဲ့ ကလေးတွေကို မင်္ဂလာပွဲမှာ ရှေ့ကထွက်ဖို့ စီစဉ် ထားတာပါ။

Prince George
ဓာတ်ပုံ ပုံစာ, ဂျော့မင်းသား
Pippa Middleton kisses her new husband James Matthews
ဓာတ်ပုံ ပုံစာ, ဒွေးတော် မင်္ဂလာဆောင်က ဂျော့နဲ့ ကလေးများ

ဂျော့ မင်းသားဟာ မယ်တော် ကိတ်မစ်ဒယ်တန်ရဲ့ ညီမ ပစ်ပါ မနှစ်က မင်္ဂလာဆောင်တုန်းကလည်း ကလေး အရံအနေနဲ့ လိုက်ခဲ့ဖူးပါတယ်။

ဒွေးတော်ဆောင်တုန်းက အစ်ကိုတော်နဲ့အတူ အရံလုပ်ခဲ့တဲ့ သူ့နှမ ရှားလက် ကတော့ မောင်တော် လူးဝစ် မင်းသား မွေးတာကို သွားကြည့်တဲ့အခါ လူတွေကြား ဣန္ဒြေရရ နေပြခဲ့ပါတယ်။

မီဒီယာ ဓာတ်ပုံဆရာတွေရဲ့ ထိန်းကျောင်းမှုနဲ့ပဲ ရှားလက်လည်း သူတို့ကို ပြန်လှည့် ပြုံးပြ လက်ပြတာတွေ လုပ်တတ်လုပ်ပါပြီ။

uk
ဓာတ်ပုံ ပုံစာ, ကင်မရာကြား ကြီးတဲ့ကလေးများ
Prince Harry with Meghan Markle
ဓာတ်ပုံ ပုံစာ, ၇ နှစ်နဲ့အောက် အရံကလေးတွေရွေးထား
Duke and Duchess of Cambridge
ဓာတ်ပုံ ပုံစာ, ဝီလျံတို့ မင်္ဂလာပွဲမှာ အရံကလေးတွေနဲ့အတူ
Prince Harry
ဓာတ်ပုံ ပုံစာ, ဟယ်ရီက ကလေးတွေနဲ့ လိုက်ခဲ့ရ
The Duke and Duchess of Cambridge kiss
ဓာတ်ပုံ ပုံစာ, ကလေးအရံတွေကြား နမ်းနေတဲ့ ကိတ်နဲ့ဝီလျံ