ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကုလ အစီအစဉ် နဲ့ ယီမင် အပစ်ရပ် အစီအစဉ် စတင်
ကုလသမဂ္ဂ အဖွဲ့ကြီး ရဲ့ စေ့စပ် ညှိနှိုင်း ပေးမှုနဲ့ ယီမင် နိုင်ငံမှာ ၃ ရက်ကြာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး အစီအစဉ် စတင် နေပြီ ဖြစ်ပါတယ်။
ဆော်ဒီအာရေးဘီးယား ဦးဆောင်တဲ့ မဟာမိတ် အဖွဲ့တွေက ထောက်ပံ့ ပေးထားတဲ့ ယီမင် အစိုးရ နဲ့ ဟူသီ သူပုန်တို့ အကြား မှာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး အတွက် သဘောတူညီ မှု ရရှိခဲ့တာ ဖြစ်ပါတယ်။
အခု အပစ်အခတ် ရပ်စဲရေး ကို အခြေပြုပြီး ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွေ ပြန်လည် စတင် နိုင်မယ်လို့ ကုသမဂ္ဂ အဖွဲ့ကြီးက မျှော်လင့် နေပါတယ်။
တစ်နှစ်ကျော်ကြာ ဖြစ်ပွား ခဲ့တဲ့ ယီမင် ပြည်တွင်းစစ်ကြောင့် လူပေါင်း ထောင်နဲ့ချီ သေဆုံး ခဲ့ရပြီး လူပေါင်း သုံးသိန်းကျော်ဟာ စစ်ပွဲ တွေ နဲ့ ဝေးရာ ဆီကို ထွက်ပြေး ခဲ့ရပါတယ်။