ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယီမင်ဈာပန ဗုံးကြဲမှု သတင်းပေးမှားလို့ ဖြစ်တာ
ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က ယီမင်နိုင်ငံက ဈာပနတခုကို သတင်းမှားတခုအပေါ် အခြေခံပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆော်ဒီဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့က ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ဖြစ်ခဲ့တဲ့ ဒီဗုံးကြဲမှုကြောင့် မြို့တော် ဆာနားက ဈာပနခန်းမမှာ ရောက်ရှိနေတဲ့ အနည်းဆုံး လူ၁၄၀ သေဆုံးပြီး ငါးရာကျော် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
ဟူသီ သူပုန်ခေါင်းဆောင်တွေ ဒီခန်းမမှာ ပုန်းအောင်းနေတယ်ဆိုတဲ့ သတင်းမှားတခုကို ယီမင်အဆင့်မြင့် စစ်အရာရှိတယောက်က ပေးခဲ့တယ်လို့ ဒီစုံစမ်းရေးအဖွဲ့က ပြောပါတယ်။
ဒီဗုံးကြဲမှုဟာ ညွန့်ပေါင်းအဖွဲ့ရဲ့ နောက်ဆုံးအမိန့်မရပဲ လုပ်ခဲ့တာ ဖြစ်ပြီး အရေးယူတဲ့ကိစ္စတွေ ချက်ချင်းလုပ်သင့်တယ်လို့လည်း ဒီအဖွဲ့က ပြောပါတယ်။