သတင်းစာပို့သူရဲ့အိမ်ထဲအရောက် ပစ်နိုင်တဲ့စွမ်းရည်
သတင်းစာပို့သူရဲ့အိမ်ထဲအရောက် ပစ်နိုင်တဲ့စွမ်းရည်
ရေးသားခဲ့သည်။
အိန္ဒိယက ဒီပက်ဆိုင်နိုင်းဟာ အိမ်တွေဆီ သတင်းစာပို့တဲ့အလုပ်လုပ်လာတာ ၁၈ နှစ်ရှိပါပြီ။ သတင်းစာဖတ်သူ မှာယူသူတွေ နည်းလာတဲ့ဒီခေတ်မှာ သူ့အလုပ်ကလည်း နေ့ရပ်မလား ညရပ်မလား ဖြစ်နေပါတယ်၊ ဒါပေမဲ့ လမ်းပေါ်ကနေ အိမ်တွေဆိုင်တွေထဲ သတင်းစာကို တိတိကျကျရောက်သွားအောင် လှမ်းပစ်ပေးနေတဲ့ သူ့ဗီဒီယိုတွေ အွန်လိုင်းပေါ်ရောက်သွားတဲ့အခါ သူ့စွမ်းရည်ကို သတိပြုမိသွားကြပါတယ်။ သူဟာ India's Got Talent အစီအစဥ်မှာတောင် ဝင်ပြီး စွမ်းရည်ပြဖို့ ဖိတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူ သတင်းစာပို့တဲ့အလုပ် ဘယ်လောက်ကြာကြာ ဆက်လုပ်နေနိုင်မှာလဲဆိုတာကိုလည်း စိတ်ပူနေရတယ်လို့ ဒီပက်က ဆိုပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #အိန္ဒိယ #မီဒီယာ #သတင်းစာ



