ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်, ICJ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ယူကေ တရားဝင် ထုတ်ပြန်ပြီး၊ မြန်မာ စစ်ဗိုလ်ချုပ် နောက်ထပ် ၅ ယောက်ကို ကန့်သတ်မှုချမှတ်
မြန်မာအပေါ် ICJ အမိန့်ကို ထောက်ခံကြောင်း ယူကေအပါအဝင် ၁၄ နိုင်ငံ စုပေါင်းထုတ်ပြန် (နိုဝင်ဘာလ ၂၄ ရက် ဘီဘီစီမြန်မာပိုင်း ရေဒီယိုအစီအစဉ် နောက်ဆုံးရ သတင်းများ) - ICJ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ယူကေ တရားဝင် ထုတ်ပြန်ပြီး၊ မြန်မာ စစ်ဗိုလ်ချုပ် နောက်ထပ် ၅ ယောက်ကို ကန့်သတ်မှုချမှတ်၊ လေယာဥ်ဆီ ပိတ်ဆို့တာလည်း ထပ်လုပ်သွားမယ် - မလေးရှားကလည်း သူတို့ဆီရောက်နေတဲ့ မြန်မာ ရွှေ့ပြောင်းတွေကို ပြန်ပို့မယ့် အကြောင်း တွန်းပြီး ပြောလာ၊ ရိုဟင်ဂျာတွေ ပါဝင်မှာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရ - စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းမှာ စစ်တပ်က စစ်ကြောင်း ဆက်ထိုးနေပြီး၊ ဒရုန်းနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလုပ်နေ - အဲဒီဒေသမှာ နိုဝင်ဘာလထဲ စစ်တပ် စစ်ကြောင်းထိုးခဲ့တဲ့ ရွာတချို့မှာ ရုပ်အလောင်း ၁၀ လောင်းထက်မနည်း မြေကြီးပေါ်မှာ သေဆုံးလျက်သား တွေ့ရှိရတယ်လို့ ဒေသ အခြေစိုက် တော်လှန်ရေး အင်အားစုတွေဘက်က ပြော - ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက ဒီဇင်ဘာလ ၁၆ ရက်နေ့ ပြည်တော်ပြန်မယ်လို့ ကြေညာ၊ လက်ရှိ အစိုးရကို လေယာဥ်လွှတ်ပေးဖို့ ပြောနေပေမယ့် ဒါကာအစိုးရကတော့ တရားခံ ဖြစ်လို့ အိန္ဒိယက တရားဝင် တရားခံ လွှဲပေးတဲ့ ပုံစံနဲ့သာ ပြန်ဝင်လာရမယ်လို့ ပြောနေ .... စတဲ့ နောက်ဆုံးရသတင်းတွေကို နားဆင်ရမှာပါ။ ----- ဘီဘီစီ မြန်မာပိုင်း ရေဒီယိုအစီအစဉ်ကို ည ၈ နာရီကနေ ၈ နာရီ ခွဲအထိ လှိုင်းတိုမီတာ ၁၉ ကီလိုဟာ့တ်ဇ် ၉၅၆၀ လှိုင်းတိုမီတာ ၃၁ ကီလိုဟာ့တ်ဇ် ၁၅၁၁၀ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
နောက်ဆုံးလွှင့် အစီအစဉ်များ
နောက်ထပ်နားဆင်ရန်, ကမ္ဘာ့မျက်မှောက်ရေးရာ။၂၅ နိုဝင်ဘာ ၂၀၂၆, ၁၃:၂၉, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
နားဆငျရနျ, ကမ္ဘာ့မျက်မှောက်ရေးရာ။၂၄ နိုဝင်ဘာ ၂၀၂၆, ၁၃:၂၉, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
နားဆငျရနျ, ကမ္ဘာ့မျက်မှောက်ရေးရာ။၂၃ နိုဝင်ဘာ ၂၀၂၆, ၁၃:၂၉, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
နားဆငျရနျ, ကမ္ဘာ့မျက်မှောက်ရေးရာ။၂၂ နိုဝင်ဘာ ၂၀၂၆, ၁၃:၂၉, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
