ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်, ကြံ့ခိုင်ရေးပါတီညီလာခံ ပြီးဆုံးသွားပြီး ဦးမင်းအောင်လှိုင်ရဲ့ လူယုံတွေထဲက ၂ ယောက်လောက် ဗဟို ကော်မတီဝင် အဖြစ် ပြန်ပါလာ။
- မော်စကိုမြို့နဲ့ ပတ်ဝန်းကျင်မှာ ရုရှား လွှတ်တော်ရွေးကောက်ပွဲ နောက်ဆုံးရက်အတွင်း ယူကရိန်း ဒရုန်းတွေရဲ့ ညလုံးပေါက် တိုက်ခိုက်တာကို ခံခဲ့ရ။ - အမေရိကန်ဟာ သူတို့အပေါ် စစ်ဆင်ရေး ပြန်စဖို့ ပြင်နေတဲ့ လက္ခဏာတွေ တွေ့ရတယ်၊ ဒေသတွင်းနိုင်ငံတွေ အနေနဲ့ အမေရိကန်နဲ့ မပူးပေါင်းဖို့ နဲ့ အမေရိကန်ရဲ့ ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို တုံ့ပြန်လက်စားချေသွားမယ်လို့ အီရန်ပြော။ - အမေရိကန်သမ္မတ ထရမ့်က ဝါရှင်တန်ဒီစီမှာ သူဆောက်ချင်တဲ့ အောင်ပွဲခံ မုခ်ဦးကြီးမှာ ဒရုန်းတွေ၊ စနိုက်ပါသမားတွေနဲ့ ခဲယမ်းမီးကျောက်တွေကို ထားရှိမယ့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံ အဖြစ်လည်း သုံးသွားမယ်လို့ ပြောပါတယ်။ - မြောက်ကိုရီးယားဟာ အရှေ့ဘက်ကမ်းရိုးတန်း ပင်လယ်ပြင်ထဲ ဒုံးကျည် နှစ်စင်း ပစ်လွှတ်ခဲ့ပြီး အဲဒီအထဲက တစင်းက တာတိုပစ် ပဲ့ထိန်းဒုံးကျည်လို့ တောင်ကိုရီးယား ကာကွယ်ရေးဌာန အရာရှိတွေက ပြောပါတယ်။ - အင်္ဂလန် ဘောလုံးသမားဟောင်း အန်းဒရိုးစ် တောင်ဆန်ဟာ ထိုင်းမှာ မော်တာမောင်း မြေညှိစက်တစ်စင်း တိုက်ခံခဲ့ရပေမယ့် ဒဏ်ရာရမသွားခဲ့ဘဲ အခင်းဖြစ်ပြီးနောက် ဆက်လေ့ကျင့်ခန်းလုပ်ကာ နောက်ပိုင်းမှာ သူတို့အသင်း အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အစားထိုးကစားသမားအဖြစ် ဝင်ကစားပေးခဲ့ပါတယ်။ - ဟောင်ကောင်မှာ ဗြိတိန်အုပ်ချုပ်မှု ပြီးဆုံးပြီးနောက်ပိုင်း ပထမဆုံး ခေါင်းဆောင် တန်ချီဟွား စျာပန ကျင်းပခဲ့ပြီး အရေးကြီးပုဂ္ဂိုလ်တွေ တက်ရောက် ဂါရဝပြုခဲ့ကြပါတယ်။ - သီရိလင်္ကာ လေတပ်ဟာ မိုးခေါင်ဒေသတွေ မိုးရွာစေဖို့ စစ်လေယာဉ်မှာ ဘုန်းတော်ကြီး သုံးပါးတင်ဆောင်ကာ ပရိတ်တရားတွေ ရွတ်ဖတ် ရေစင်တွေ ကောင်းကင်ကနေ ဖြန့်ကြဲ ပက်ဖျန်းခဲ့ပြီး ဒါကို စစ်တပ်က ကရုဏာ သင်္ကေတပြ လုပ်ရပ်တစ်ခုအဖြစ် ဖော်ပြခဲ့
နောက်ဆုံးလွှင့် အစီအစဉ်များ
နောက်ထပ်နားဆင်ရန်, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၂၈ စက်တင်ဘာ ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
နားဆငျရနျ, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၂၇ စက်တင်ဘာ ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
နားဆငျရနျ, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၂၆ စက်တင်ဘာ ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
နားဆငျရနျ, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၂၅ စက်တင်ဘာ ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
