ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်, အသွင်ပြောင်း အစိုးရအဖွဲ့ ခေါင်းဆောင် ဦးမင်းအောင်လှိုင်သား ဦးအောင်ပြည့်စုံက ဆက်လက် အကောင်အထည်ဖော်ဖို့ ကြိုးစား

အပစ်ရပ်သဘောတူညီမှု ရှိနေပေမယ့် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်မှာ နေ့စဉ် လူတွေရာချီ သေဆုံးမှု ရှိနေသလို ဟစ်ဇဘိုလာ ဘက်ကလည်း အစ္စရေးကို အမြှောက်ဒုံးကျည်တွေနဲ့ ပစ်ခတ်မှုတွေ ရှိနေ - - တရုတ်နဲ့ အမေရိကန်တို့ဟာ ပြိုင်ဘက်တွေမဟုတ်ဘဲ မိတ်ဘက်တွေသာ ဖြစ်သင့်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင် ပြော - အီရန်က ဟောမုဇ် ရေလက်ကြားကို ဆက်လက် အရေးယူ ပိတ်ဆို့ထားချိန်မှာ တရုတ် သင်္ဘောတွေကိုတော့ စတင် ဖြတ်သန်းခွင့်ပေးနေပြီလို့ အီရန်သတင်းအေဂျင်စီ အရာရှိ ပြော - ယူကရိန်းမှာ ၃၆ နာရီအတွင်း ရုရှားဘက်က ဒရုန်းအစင်းရေ ထောင့်ငါးရာကျော်နဲ့ ပစ်ခတ်ခံရတယ်လို့ ယူကရိန်း လေတပ် ပြော - ယူကရိန်း သမ္မတ ဇလန်းစကီးရဲ့ ထိပ်တန်းအကြံပေးဟောင်း အန်ဒရေ ရာမတ်ခ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး တရားရုံးက ငွေကြေးခဝါချမှုနဲ့ ဖမ်းဆီး - အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူတာပရာတက်ရှ် ပြည်နယ်မှာ မိုးကြီးပြီး ပြင်းထန်တဲ့ လျှပ်စီးလက်မှုတွေကြောင့် အနည်းဆုံး လူ ၈၉ ယောက် သေဆုံး - နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး ICC ကို လွှဲပြောင်း တရားစီရင်ခံရဖို့ ရှိနေတဲ့ ဖိလစ်ပိုင်လွှတ်တော်အမတ် ရော်နယ် ဒဲလာ ရိုဆာ လွှတ်တော် အဆောက်အအုံထဲကနေ ထွက်ခွာသွား - အပစ်ရပ်သဘောတူညီမှု ရှိနေပေမယ့် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်မှာ နေ့စဉ် လူတွေရာချီ သေဆုံးမှု ရှိနေသလို ဟစ်ဇဘိုလာ ဘက်ကလည်း အစ္စရေးကို အမြှောက်ဒုံးကျည်တွေနဲ့ ပစ်ခတ်မှုတွေ ရှိနေ - အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုကြောင့် ဆယ်စုနှစ်တွေအတွင်း လျှပ်စစ်မီး အဆိုးရွားဆုံးပြတ်တောက်မှု ဖြစ်နေတဲ့ ကျူးဘားနိုင်ငံ ဟာဗားနားမြို့မှာ ဖြစ်တောင့်ဖြစ်ခဲ ဆန္ဒပြမှု ပေါ်ပေါက်ခဲ့တဲ့ အကြောင်း အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို