BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
နေပြည်တော်ကို တရုတ်၊ အိန္ဒိယနဲ့ ထိုင်းတို့ ဘာကြောင့် ဆက်ဆံလာသလဲ
မြန်မာမှာအာဏာသိမ်းပြီးနောက် နိုင်ငံတကာက သံတမန်ရေးရာဖယ်ချန်ဆက်ဆံတဲ့ပုံစံကိုကျင့်သုံးနေပေမယ့် စစ်တပ်အသွင်ပြောင်း အစိုးရတက်လာချိန်မှာ ထိုင်း၊တရုတ်နဲ့ အိန္ဒိယ မြန်မာ့အိမ်နီးချင်းသုံးနိုင်ငံရဲ့ နေပြည်တော်နဲ့ထိတွေ့ဆက်ဆံမှုဟာ နိုင်ငံရေးအကဲခတ်တွေအတွက် အာရုံစိုက်စရာဖြစ်လာပါတယ်။
အင်အားကြီးနိုင်ငံတချို့ စစ်ရေးအရလွှမ်းမိုးဖို့ ကြိုးပမ်းနေတယ်လို့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးပြော
(၂၃) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေးကို မနေ့က အွန်လိုင်းက ကျင်းပပြီး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပထမဆုံးအကြိမ်တက်တဲ့သတင်းအပါအဝင် ၂၀၂၆ ခုနှစ် မေ ၂၂ ရက် နိုင်ငံတဝန်းနဲ့ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။
ဆီးပူညောင်းကျနဲ့ ကာလသားရောဂါ ကူးစက်မှု ဥရောပမှာ စံချိန်တင် တိုးလာ
ဆေးစစ်မှု၊ ကြိုတင်ကာကွယ်မှုတွေ လစ်ဟာတဲ့အတွက် လိင်ကတဆင့် ရောဂါကူးစက်မှုတွေ စံချိန်တင် တိုးလာနေတယ်လို့ ကျန်းမာရေးဌာနတစ်ခုရဲ့ အစီရင်ခံစာက ဆိုပါတယ်။
အကျဉ်းစံ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂတ်စ် မိုဟာမဒီ
နိုဘယ်ဆုရှင် မိုဟာမဒီဟာ လူ့အခွင့်အရေးအတွက် လှုပ်ရှားတာကြောင့် ပြီးခဲ့တဲ့နှစ်ပေါင်း ၂၀ ကို အီရန်က အကျဉ်းထောင်တွေထဲမှာပဲ အချိန်ကုန်ခဲ့ရတာများပါတယ်။
‘ကျွန်တော့်အသံကိုကြားရတာ နောက်ဆုံးဖြစ်သွားနိုင်တယ်’-စစ်ဖြစ်နေပေမဲ့ အီရန်မှာသေဒဏ်ပေးမှု မပြတ်
အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းတိုက်တဲ့စစ်ပွဲဖြစ်ကတည်းက အီရန်မှာ နိုင်ငံရေးအကျဉ်းသား ဆယ်ချီကို ကြိုးပေးကွပ်မျက်နေတယ်လို့ ကုလသမဂ္ဂ အချက်အလက်တွေက ဖော်ပြပါတယ်။
တရုတ်နဲ့ ရုရှားကို ဘာက ပေါင်းစည်းပေးနေတာလဲ
နှစ်နိုင်ငံကြား အာဏာချိန်ခွင်လျှာ မညီမျှပေမဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးရှိလာနေပါတယ်။
Mango အဝတ်ကုမ္ပဏီပိုင်ရှင် တောင်ပေါ်က ပြုတ်ကျသေဆုံးခဲ့မှု သားဖြစ်သူကို ဖမ်းဆီးလိုက်
Mango အဝတ်ကုမ္ပဏီ တည်ထောင်သူ အသက် ၇၁ နှစ်အရွယ် အိုင်ဆက်ခ် ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ဘာစလိုးနားမြို့နားက မွန့်ဆာရက် တောင်မှာ လမ်းလျှောက်နေတုန်း ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
လေချုပ်အသစ်လက်ထက် လေကြောင်းဗုံးကြဲမှုတိုးလုပ်လာ
လေချုပ်အသစ်လက်ထက်မှာ တိုက်လေယာဥ်တွေသာမက ပို့ဆောင်ရေးလေယာဥ်တွေပါ အုပ်ဖွဲ့ပျံသန်းပြီး ဗုံးကြဲနေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့နဲ့ တပ်တွင်းရင်းမြစ်တွေကပါ အတည်ပြုပါတယ်။
စပိန်အစိုးရထံက အခွန်ပြန်အမ်းငွေ ပေါင်သန်း ၅၀ အဆိုတော် ရှာကီရာ ပြန်ရ
ကိုလမ်ဘီယာ အဆိုတော် ရှာကီရာက သူ့ကို အခွန်ရှောင်မှုနဲ့ အပြစ်ရှိတယ်ဆိုပြီး ဇာတ်လမ်းထွင်ထားခဲ့သမျှတွေဟာ အခုတရားရုံးဆုံးဖြတ်ချက်ကြောင့် ပြိုပျက်သွားခဲ့ပြီလို့ ပြောပါတယ်။
ရန်ကုန်နဲ့ ငလျင်အန္တရာယ်
ရန်ကုန်မြို့ နဲ့ ၁၅ ကီလိုမီတာ အကွာမှာ အသက်ဝင်ရက်သား ရှိနေတဲ့ စစ်ကိုင်းပြတ်ရွေ့ငလျင်ကြောကနေ အင်အားပြင်းငလျင် အချိန်မရွေး ထပ်လှုပ်နိုင်ခြေရှိတာကြောင့် ရန်ကုန်အနေနဲ့ ငလျင်ဒဏ်အတွက် ကြိုပြင်ဆင်သင့်ပြီလို့ ငလျင်ပညာရှင်တွေက သတိပေးထားပါတယ်။
ရေမှုတ်ကင်ဆာကုနည်း - ဆေးဝါးပြတ်လပ်မှုကြောင့် ပျောက်စေဆရာတွေ အာဖဂန်မှာတန်ခိုးထွား
အာဖဂန်နစ္စတန်မှာ ကင်ဆာဖြစ်နှုန်း မိုးအထိမြင့်တက်နေချိန်မှာပဲ နိုင်ငံသားတွေဟာ ဆေးဝါး ရှားပါးတာနဲ့ နယ်စပ်တွေ အပိတ်ခံရလို့ အပြင်ထွက် ဆေးမကုနိုင်တာတွေ ကြုံနေရပါတယ်။
OWIC၊ တရစ်ရစ်ကျပ်တဲ့ပြည်ပထွက်ခွင့်နဲ့ ပြည်တွင်းမှာသောင်တင်နေသူတွေ
ရာနဲ့ချီတဲ့ပြည်တွင်းရောက် ခွင့်ပြန်အလုပ်သမားတွေဟာ OWIC ကတ်အပါအဝင် အလုပ်သမားဝန်ကြီးဌာနရဲ့ကန့်သတ်ချက်တွေကြောင့် ပြည်တွင်းမှာ သောင်တင်နေပြီး အလုပ်အကိုင် ဆုံးရှုံးနိုင်ခြေဆိုက်နေပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
ဝေဖန်သူတွေကို အသံတိတ်စေခဲ့တဲ့ UFC Flyweight ချန်ပီယံ ဂျော့ရှုဝါ ဗန်
မြန်မာနွယ်ဖွား ချင်းဖိုက်တာ ဂျော့ရှုဝါဗန်ဟာ UFC 328 ပြိုင်ပွဲမှာ ချုပ်ကွက်အားကောင်းတဲ့ သူ့ပြိုင်ဘက် ဂျပန်ဖိုက်တာ တက်ဆူရို တိုင်ရာကို တန်ပြန်ချုပ်ကွက်တွေနဲ့ အလဲထိုး အနိုင်ယူပြီး Flyweight ချန်ပီယံခါးပတ်ကို ကာကွယ်သွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာထားလဲ
ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိထားတဲ့နေအိမ်ကတော့ နေပြည်တော်မြောက်ဘက်မှာရှိတဲ့ ဝန်ကြီးဟောင်းတစ်ဦးရဲ့နေအိမ်မှာလို့ ဘီဘီစီကစုံစမ်းသိရှိခဲ့ပါတယ်။
ဇာတ်ပွဲ - အီနောင်၊ ရာမကနေ ဖိုးစိန်၊ ရွှေမန်း။ မြန်မာတွေ ကြိုက်တဲ့ ရွှေမင်းသားများ
အပျိုတော်၊ ယိမ်းအကနဲ့ ဝန်ကြီးလေးပါး ထွက်ခန်းကနေ နှစ်ပါးသွားနဲ့ နောက်ပိုင်း ဇာတ်ထုပ်ကြီးထိ ဖျော်ဖြေခဲ့ကြတဲ့ ဇာတ်သဘင်မှာ ဒုတိယကမ္ဘာစစ်ပြီးခေတ်ကစလို့ ပြဇာတ်နဲ့ အော်ပရာ ထွန်းကားလာပြီး ၂၀ ရာစု နှောင်းပိုင်းကစလို့ စတိတ်ရှိုးခေါ် ခေတ်ပေါ် သီချင်းသီဆိုတာတွေ ခေတ်စားလာပါတယ်။
PDF ၅ နှစ်ပြည့် - မသန်စွမ်းတပ်သားအရေးဘာကြောင့် အရေးကြီးလဲ
တိုက်ပွဲပေါင်းသောင်းကျော်ကို နှစ်ချီတိုက်ခဲ့တဲ့ကာလအတွင်း ကိုယ်ခန္ဓာအစိတ်အပိုင်း ထိခို က်စွန့်လွှတ်ရတဲ့ ရဲဘော်အရေအတွက်ဟာ"ထောင်ကြီးပိုင်းလောက်အထိ ရှိနိုင်တယ်"လို့ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ကသုံးလုံးဒေသ - တပ်ချုပ်အသစ်လက်ထက် ကချင်အပေါ်စစ်ရေးဖိအား
အင်းတော်ကို သိမ်းလိုက်နိုင်တာက ကချင်ဝင်ပေါက် “ကသုံးလုံးဒေသ” မှာ စစ်တပ်က ပြန်စုဖွဲ့ ပြင်ဆင်လာတဲ့ခြေလှမ်းဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပေါ် စစ်ရေးဖိအား ပိုတိုးလာပါတယ်။


























































