ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အငှားကိုယ်ဝန်ဆောင်ပေးတဲ့ မိန်းကလေးတွေ
ငွေပေးပြီး အငှားကိုယ်ဝန်ဆောင်ခိုင်းဖို့အတွက် အရင်တုန်းကတော့ အာရှက စျေးချိုလို့ အာရှနိုင်ငံတွေမှာ လုပ်ကြပေမယ့် အခုတော့ ထိုင်းအပါအဝင် တချို့ အာရှနိုင်ငံတွေမှာ ဒီလိုလုပ်တာကို ပိတ်ပင်ထားပါတယ်။ အခုအခါ အငှားကိုယ်ဝန်ဆောင်ဖို့ နောက်ထပ် စျေးအသက်သာဆုံး နေရာတစ်ခုကတော့ ယူကရိန်းနိုင်ငံ ဖြစ်နေပါတယ်။ ဝင်ငွေကောင်းကောင်းရတဲ့ အလုပ်မို့ ယူကရိန်းက အမျိုးသမီးငယ်တွေက အငှါးကိုယ်ဝန်ဆောင်ပေးကြပါတယ်။ ဒါပေမယ့် တစ်ဘက်မှာလည်း သူတို့အတွက်အန္တရာယ် ရှိနေပါတယ်။ ဒီအကြောင်း ကိုအောင်သွင်က ပြောပြပေးမှာပါ။