ခွဲခြား၊ ကွဲပြားမှုတွေနဲ့ စက်တင်ဘာ ၁၁ အောက်မေ့ဖွယ် အခမ်းအနား

ဗီဒီယို ပုံစာ, ခွဲခြား၊ ကွဲပြားမှုတွေနဲ့ စက်တင်ဘာ ၁၁ အောက်မေ့ဖွယ် အခမ်းအနား
ခွဲခြား၊ ကွဲပြားမှုတွေနဲ့ စက်တင်ဘာ ၁၁ အောက်မေ့ဖွယ် အခမ်းအနား
ရေးသားခဲ့သည်။

စက်တင်ဘာ ၁၁ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ ၂၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို အမေရိကန် ပြည်ထောင်စု တဝန်းမှာ ကျင်းပနေပါတယ်။ ပုံမှန် အားဖြင့် အသက်ဆုံးရှုံးခဲ့ရသူတွေ အတွက် လေးလေးနက်နက် အောက်မေ့ သတိရကြတဲ့ အချိန်အခါမျိုး ဖြစ်ပေမယ့်၊ အခုနှစ် အခမ်းအနားမှာတော့ အမေရိကန် နိုင်ငံရေးမှာ သဘောထား ကွဲလွဲတဲ့ အခြေအနေ တစ်ရပ် ဖြစ်နေပါတယ်။ နယူးယောက် မြို့ရဲ့ ပထမဆုံး မွတ်ဆလင် မြို့တော်ဝန် ဇိုရမ် မန်ဒါနီ အနေနဲ့ ဂရောင်း ဇီးရိုးမှာ ကျင်းပမယ့် ဒီအခမ်းအနားကို မတက်ရောက်ဖို့ အချို့က တောင်းဆို ထားကြပြီး၊ ဒီအထဲမှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ချိန်က မြို့တော်ဝန် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ရူဒီ ဂူလီယာနီလည်း ပါဝင်ပါတယ်။ ဒါပေမယ့် လက်ရှိ မြို့တော်ဝန် မန်ဒါနီကတော့ သူ့ အနေနဲ့ အခမ်းအနားကို တက်ရောက်မှာ ဖြစ်ပြီး အသက်ဆုံးရှုံးခဲ့သူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေ အတွက် အဓိက အာရုံစိုက်သွားမယ်လို့ ပြောဆိုထားပါတယ်။ လက်ရှိမှာ အမေရိကန် မွတ်ဆလင်တွေ စံချိန်တင် ခွဲခြား ဆက်ဆံ ခံရမှုတွေနဲ့ ရင်ဆိုင်နေရကြောင်း လူ့အခွင့်အရေး အဖွဲ့တွေက သတိပေး ပြောကြားနေချိန်လည်း ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် နာဒါ တောဖစ် ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြပေးမှာပါ။