ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဦးမင်းအောင်လှိုင် ခရီးစဉ် တရားဝင်မှု ဆုကြီးပေးတာ မဟုတ်ဘူးလို့ ထိုင်းပြောဆို
ဦးမင်းအောင်လှိုင် ခရီးစဉ် တရားဝင်မှု ဆုကြီးပေးတာ မဟုတ်ဘူးလို့ ထိုင်းပြောဆို
ရေးသားခဲ့သည်။
ထိုင်းနိုင်ငံကို ၂ ရက်တာခရီးရောက်နေတဲ့ ဦးမင်းအောင်လှိုင်က ဒီကနေ့ မှာ ထိုင်းဝန်ကြီးချုပ်နဲ့တွေ့ဆုံခဲ့သလို ထိုင်း-မြန်မာစီးပွားရေးဖိုရမ်ကိုလည်း တက်ရောက်ပါတယ်။ ထိုင်းရဲ့ ဦးမင်းအောင်လှိုင်ကို ဖိတ်ခေါ် မှုနဲ့ပတ်သက်လို့ ဒေသတွင်းနိုင်ငံတွေရဲ့ စောင့်ကြည့်မှုတွေရှိသလို ထိုင်းနိုင်ငံတွင်းတက်ကြွလှုပ်ရှားသူတွေကလည်း ထိုင်းအစိုးရကို ဝေဖန်ထားပါတယ်။ ဒါပေမဲ့ ထိုင်းအစိုးရကတော့ ဦးမင်းအောင်လှိုင်နဲ့တွေ့ဆုံတာက တရားဝင်မှုဆိုတဲ့ ဆုအကြီးကြီးကို ပေးလိုက်တာမဟုတ်ဘူးလို့ ဒီကနေ့မှာပဲ တုံ့ပြန်ထားပါတယ်။ ထိုင်း နိုင်ငံ ဘန်ကောက်မြို့ကနေဘီဘီစီ သတင်းထောက် မညိုလဲ့ရည်က သတင်းပေးပို့ထားပါတယ်။