ကမ္ဘာ့ဖလားပွဲ မစခင် အငြင်းပွားစရာတွေ ထွက်ပေါ်နေ

ဗီဒီယို ပုံစာ, ကမ္ဘာ့ဖလားပွဲ မစခင် အငြင်းပွားစရာတွေ ထွက်ပေါ်နေ
ကမ္ဘာ့ဖလားပွဲ မစခင် အငြင်းပွားစရာတွေ ထွက်ပေါ်နေ
ရေးသားခဲ့သည်။

၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပွဲ ဒီကနေ့စတင်မှာ ဖြစ်ပြီး ပူးတွဲအိမ်ရှင်အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ မက္ကဆီကိုနဲ့ တောင်အာဖရိကတို့ ပွဲဦးထွက် ကစားကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အငြင်းပွားစရာတွေလည်း ထွက်ပေါ်နေပါတယ်။ ပွဲလက်မှတ် စျေးကြီးတယ်ဆိုပြီး မကျေမနပ် ပြောဆိုသံတွေ ထွက်ပေါ်နေ သလို ပွဲကြည့်ပရိသတ် တချို့နဲ့ ဆိုမားလီးယား ဒိုင်တစ်ဦးတို့ အမေရိကန်နိုင်ငံထဲ ပြည်ဝင်ခွင့် ဗီဇာ ပယ်ချခံခဲ့ရပါတယ်။ မက္ကဆီကိုစီတီးမြို့ကနေ ဘီဘီစီ အားကစားသတင်းထောက် ဒန် ရုန်းရဲ့ သတင်းပေးပို့ချက်ကို ကိုဇေယျာက ပြောပြမှာပါ။