မုံရွာမြို့နယ်ထဲက ပလဖ စခန်းတချို့ကို NUG တပ်တွေ စီးနင်း

ဗီဒီယို ပုံစာ, မုံရွာမြို့နယ်ထဲက ပလဖ စခန်းတချို့ကို NUG တပ်တွေ စီးနင်း
မုံရွာမြို့နယ်ထဲက ပလဖ စခန်းတချို့ကို NUG တပ်တွေ စီးနင်း
ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲမှာရှိတဲ့ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) စခန်းနဲ့ တိုက်နယ် ၄ ပလဖစခန်းအပါအဝင် နေရာ ၃ နေရာကို မနေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်ရင်းငါးခုလောက်က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၂ ဦးအပါအဝင် ခုနစ်ဦးသေဆုံးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာရှိတဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) တပ်စခန်းတွေကို NUG ဘက်က ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အခုလို အဖွဲ့တွေ အချင်းချင်းကြား ဘာကြောင့် စီးနင်းပစ်ခတ်မှုတွေ ဖြစ်နေရတာပါလဲ။ ဒီအပေါ် NUG ကရော ဘယ်လိုကိုင်တွယ် နေပါသလဲ။ အကြောင်းစုံကို ကိုကျော်ဇေယျက ပြောပြပေးမှာပါ။