အသွင်ပြောင်း အစိုးရ သမ္မတ အိန္ဒိယသွားမယ်

ဗီဒီယို ပုံစာ, မြန်မာ သမ္မတ အိန္ဒိယသွားမယ်
အသွင်ပြောင်း အစိုးရ သမ္မတ အိန္ဒိယသွားမယ်
ရေးသားခဲ့သည်။

အသွင်ပြောင်း အစိုးရ သမ္မတရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် လာမဲ့ ဇွန်လပထမပတ်ထဲမှာပဲ အိန္ဒိယနိုင်ငံကို သွားမှာဖြစ်တယ်လို့ အိန္ဒိယ ဒေသတွင်းသတင်းဌာနဖြစ်တဲ့ WION က မေလ ၂၂ ရက်နေ့မှာ ရေးသားထားပါတယ်။ ဒါပေမဲ့ နေပြည်တော်ဘက်ကတော့ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ မြန်မာ့နိုင်ငံရေး စောင့်ကြည့်သူတွေကတော့ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာအပေါ် တရုတ်ရဲ့လွှမ်းမိုးမှု ပိုများလာနေတာကြောင့် တရုတ်အပေါ် အလွန် မှီခိုအားပြုတာမျိုး မဖြစ်သွားအောင် အိန္ဒိယက လက်ဦးမှုယူပြီး ဖိတ်ခေါ်တာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ အိန္ဒိယနဲ့ မြန်မာ ဘယ်လိုကဏ္ဍတွေမှာ ပူးပေါင်းမှုရှိနေပါသလဲ။ အပြည့်အစုံကို မစန္ဒာဝင်းက ပြောပြပါမယ်။