ကျူးဘား သမ္မတ ဟောင်းကို အမေရိကန် တရားစွဲ

ဗီဒီယို ပုံစာ, ကျူးဘား သမ္မတ ဟောင်းကို အမေရိကန် တရားစွဲ
ကျူးဘား သမ္မတ ဟောင်းကို အမေရိကန် တရားစွဲ
ရေးသားခဲ့သည်။

ကျူးဘား သမ္မတဟောင်း ရာအူးလ် ကက်စထရိုကို လူသတ်မှု စွဲချက်တွေနဲ့ ဝါရှင်တန်က တရားစွဲဆိုပြီးတဲ့နောက်၊ ကျူးဘား အပေါ် တရားစီရင်ရေး ဆိုင်ရာ အရေးယူမှုတွေနဲ့ ပိတ်ဆို့မှုတွေ လုပ်ထားတာကို ရပ်တန့်ဖို့ တရုတ်က အမေရိကန်ကို တိုက်တွန်း ပြောကြားပါတယ်။ ကျူးဘားရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ရေးအတွက်လည်း အခိုင်အမာ ထောက်ခံကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနဘက်က ပြောဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်သုံးဆယ် လောက်က လေယာဉ် နှစ်စင်းကို ပစ်ချ ခဲ့မှုနဲ့ ဆက်စပ်ပြီး အမေရိကန် နိုင်ငံသားတွေကို သတ်ဖြတ်ဖို့ ပူးပေါင်း ကြံစည်တဲ့ အမှု ၄ မှုနဲ့ မစ္စတာ ကက်စထရိုကို စွပ်စွဲထားတာ ဖြစ်ပါတယ်။ ဒီစွပ်စွဲချက်တွေဟာ နိုင်ငံရေး လှုံ့ဆော်မှု တစ်ခုသာဖြစ်ကြောင်း ကျူးဘား အစိုးရက ပြစ်တင် ဝေဖန်လိုက်ပါတယ်။ ဘီဘီစီ သတင်းထောက် ဝီလ် ဂရန့်ရဲ့ သတင်းကို ကိုဇေယျာက ပြောပြပေးမှာပါ။