စစ်တပ် ခေါင်းဆောင်ပိုင်း ရာထူး အပြောင်းအလဲရှိ

ဗီဒီယို ပုံစာ, စစ်တပ် ခေါင်းဆောင်ပိုင်း ရာထူး အပြောင်းအလဲရှိ
စစ်တပ် ခေါင်းဆောင်ပိုင်း ရာထူး အပြောင်းအလဲရှိ
ရေးသားခဲ့သည်။

ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးကိုကိုဦး ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်းသွားပြီးနောက်မှာ စစ်တပ်ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်နေရာတွေ အပြောင်းအလဲ ထပ်ရှိ လာပါတယ်။ လက်ရှိ ငြိမ်းချမ်း‌ရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကိုလည်း ကာကွယ်ရေးဝန်ကြီးခန့်အပ်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့တင်သွင်းလာပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းကို ဦးဆောင်နေသူနဲ့ ကာကွယ်ရေးဝန်ကြီး တစ်ဦးတည်းဖြစ်ခဲ့ရင် လက်ရှိ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဘယ်လိုဆက်ဖြစ်လာနိုင်ပါသလဲ။ ရာထူးအပြောင်းအလဲဖြစ်ခဲ့တဲ့ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူးနေရာက ဘယ်လောက်အရေးပါပါသလဲ။ ဒီသတင်းကို ကိုမောင်က ပြောပြမှာပါ။