ငဝန်မြစ် ရေကာတာကျိုးလို့ ဒေသခံတွေ နေရာပြောင်းဖို့ တိုက်တွန်းထားရ

ဗီဒီယို ပုံစာ, ငဝန်မြစ် ရေကာတာကျိုးလို့ ဒေသခံတွေ နေရာပြောင်းဖို့ တိုက်တွန်းထားရ
ငဝန်မြစ် ရေကာတာကျိုးလို့ ဒေသခံတွေ နေရာပြောင်းဖို့ တိုက်တွန်းထားရ
ရေးသားခဲ့သည်။

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့မှာ ငဝန်မြစ်ရေကာတာ ကျိုးသွားတာကြောင့် လေးမျက်နှာ မြို့ အပါအဝင် အနီးဝန်းကျင်က ကျေးရွာတွေထဲ မြစ်ရေဆက်တိုက်ဝင်ရောက်နေပြီး ပိတ်မိ သူတွေတချို့ လည်း ရှိနေပါတယ်။ ရေနစ်မြုပ်တဲ့နေရာတွေက လူထုကို အရေးပေါ် ရွှေ့ပြောင်းဖို့ ထုတ်ပြန်ထားပြီး မြစ်ရေဆက်တိုက်ဝင်ရောက်နေရင် နောက်ထပ် ၂၄နာရီအတွင်း ငသိုင်း ချောင်း မြို့ထိ ရေတွေရောက်လာနိုင်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။ ရေကာတာဘာကြောင့်ကျိုးတဲ့အထိ ဖြစ်ရတာလဲ။ အရေးပေါ် ကယ်ဆယ်ရေးတွေရော ဘယ်လိုအခြေအနေရှိပါသလဲ။ အပြည့်အစုံကို မရွှေပိုးနီက ပြောပြပေးမှာပါ။