ထောင်ထဲကို မူးယစ်ဆေးသွင်းပေးတဲ့ ကြောင်ကိုဖမ်းမိ

ဗီဒီယို ပုံစာ, ထောင်ထဲကို မူးယစ်ဆေးသွင်းပေးတဲ့ ကြောင်ကိုဖမ်းမိ
ထောင်ထဲကို မူးယစ်ဆေးသွင်းပေးတဲ့ ကြောင်ကိုဖမ်းမိ
ရေးသားခဲ့သည်။

ရုရှားနိုင်ငံ နစ်ဇညီနော့ဗ်ဂိုရော့ဒ်က ထောင်တစ်ခုရဲ့ အပြင်ဘက်မှာ ကြောင်တစ်ကောင်ကို ဖမ်းမိခဲ့ပါတယ်။ ကြောင်ရဲ့ လည်ပတ်ထဲမှာ မှာ မူးယစ်ဆေးတွေ ထည့်ထားတာကိုလည်း တွေ့ခဲ့ပါတယ်။ ကြောင်က ထောင်ဝင်းထဲ ဝင်မလာခင်မှာ တွေ့ပြီး မိခဲ့တာပါ။ လည်ပတ်ကို ဖြုတ်သိမ်းပြီး ကြောင်ကိုတော့ ပြန်လွှတ်လိုက်ကြပါတယ်။ ထောင်ထဲက ဘယ်သူ့ဆီ ဒီမူးယစ်ဆေးတွေသွင်းဖို့လဲဆိုတာကိုတော့ မသိရပါဘူး။ •

#ဘီဘီစီမြန်မာပိုင်း #ရုရှား #မူးယစ်ဆေး #တိရစ္ဆာန် #ကြောင်