ကူမာမိုတို ငလျင် ကယ်ဆယ်ရေး

ဗီဒီယို ပုံစာ, ကူမာမိုတို ငလျင် ကယ်ဆယ်ရေး
ကူမာမိုတို ငလျင် ကယ်ဆယ်ရေး
ရေးသားခဲ့သည်။

ဂျပန်နိုင်ငံက ကူမာမိုတိုမှာ အင်္ဂါနေ့က လှုပ်ခတ်သွားတဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင့် သေဆုံးသူအရေအတွက် တစစနဲ့ တက်လာနေပါတယ်။ လတ်တလော အချိန်အထိ ငလျင်ကြောင့် သေဆုံးသူ ဦးရေဟာ ၁၄ ဦး အထိ အတည်ပြုထားနိုင်ပြီ ဖြစ်ပါတယ်။ အပူချိန်တွေ မြင့်မားနေတဲ့ကြားကပဲ အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့တွေက စက္ကူစက်နဲ့ ဈေးဝယ်စင်တာ ရဲ့ အပျက်အစီး ပုံတွေ အောက်မှာ ပိတ်မိနေသူတွေကို ကြိုးစား ရှာဖွေ ကယ်ဆယ် နေကြပါတယ်။ ဘီဘီစီသတင်းထောက် နစ်ခ် ဂျွန်ဆင် ပေးပို့ထားတဲ့ သတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။