Cerebral Palsy နဲ့ ကိုရီးယား ကခြေသည်
Cerebral Palsy နဲ့ ကိုရီးယား ကခြေသည်
ရေးသားခဲ့သည်။
ကင်မ် ဆူယောင်းဟာ Cerebral Palsy လို့ခေါ်တဲ့ ဦးနှောက်ချို့ယွင်းမှုကြောင့် ကိုယ်လက်လှုပ်ရှားမှု အခက်အခဲရှိတဲ့ ကခြေသည်တဦး ဖြစ်ပါတယ်။ သူ့အတွက် ကနေရတာဟာ ကဗျာတစ်ပုဒ် ရေးသားနေတာနဲ့ တူတယ် လို့တောင်ဆိုပါတယ်။ အသက် ၂၀ ကျော်နှောင်းပိုင်းမှ အကကို စတင်သင်ယူခဲ့တာ ဖြစ်သလို တစ်ချိန်မှာဆို အကသင်တန်းတွေကို နားခဲ့ရပါသေးတယ်။ ဒါပေမဲ့ အကဆရာမရဲ့ အားပေးမှုနဲ့ အကလောကမှာ ဆက်လက်လျှောက်လှမ်းလာနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဘဝဇာတ်ကြောင်းနဲ့ သူ့အနုပညာအကြောင်း ရိုက်ကူးမှတ်တမ်းတင်ထားကြပြီ ဖြစ်ပါတယ်။ မတာရာက ပြောပြမှာပါ။



