ပါလက်စတိုင်း မိန်းကလေးငယ်ကို ပစ်ခတ်မိကြောင်း အစ္စရေး ဝန်ခံ

ဗီဒီယို ပုံစာ, ပါလက်စတိုင်း မိန်းကလေးငယ်ကို ပစ်ခတ်မိကြောင်း အစ္စရေး ဝန်ခံ
ပါလက်စတိုင်း မိန်းကလေးငယ်ကို ပစ်ခတ်မိကြောင်း အစ္စရေး ဝန်ခံ
ရေးသားခဲ့သည်။

၂၀၂၄ ခုနှစ်တုန်းက ဂါဇာထဲမှာ ၅ နှစ် အရွယ် ပါလက်စတိုင်း ကလေးငယ် ဟင်း ရာဂျပ် နဲ့ အတူ သူရဲ့ ဆွေမျိုး ၆ ယောက်ကို အစ္စရေး စစ်သားတွေ ပစ်ခတ် ခဲ့တယ်ဆိုတာကို ပထမဆုံး အကြိမ် အဖြစ် အစ္စရေး စစ်တပ်က ဝန်ခံပြောကြားလိုက်ပါတယ်။ အဲဒီမိန်းကလေးကို ကယ်ဆယ်ဖို့ သွားတဲ့ ကျန်းမာရေး ဝန်ထမ်း နှစ်ယောက်ကိုလည်း ပစ်ခတ် သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ အခု လောလောဆယ်မှာ ရာဇဝတ်ကြောင်း ဆိုင်ရာ စုံစမ်း စစ်ဆေးမှုတွေ စတင်နေပြီလို့လည်း အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ဘက်က ပြောကြားပါတယ်။ ဘီဘီစီ သတင်းထောက် လူစီ ဝီလျံဆန်ရဲ့ သတင်းကို မသီရိဇော်က ပြောပြပေးမှာပါ။ ဒီသတင်းထဲမှာ စိတ်အနှောင့်အယှက် ဖြစ်ရာ အကြောင်းအရာတွေ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။