ပညာရေးနဲ့ အဆက်ပြတ်ခဲ့သူတွေ ကျောင်းတက်ခွင့်ရရေး

ဗီဒီယို ပုံစာ, ပညာရေးနဲ့ အဆက်ပြတ်ခဲ့သူတွေ ကျောင်းတက်ခွင့်ရရေး
ပညာရေးနဲ့ အဆက်ပြတ်ခဲ့သူတွေ ကျောင်းတက်ခွင့်ရရေး
ရေးသားခဲ့သည်။

၂၀၂၁ ခုနှစ်နောက်ပိုင်း ကျောင်းပညာရေး ပြတ်တောက်သွားခဲ့တဲ့ မူလတန်းနဲ့ အလယ်တန်း ကျောင်းသားတွေကို အသက်အရွယ်အရရော ပညာအရည်အချင်းအရရော သင့်တော်တဲ့ အတန်း တက်ခွင့်ပေးမယ့်အစီအစဥ်ကို စတင်မယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။ အဲဒီ ကျောင်းသားတွေအတွက် အတန်းအလိုက် အဆင့်သတ်မှတ် စမ်းသပ်ချက် (Placement Test) ပြန်လည် ဖြေဆိုပြီး ကျောင်းပြန်တက်ခွင့်ပေးမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အသက်ကန့်သတ်ချက်တွေပါနေလို့ အသက် ကျော်လွန်နေသူတွေမှာ အခက်ခဲဖြစ်နေတယ်လို့ ကလေးမိဘတွေနဲ့ ပညာရေး အသိုင်းအဝိုင်းက ထောက်ပြနေကြပါတယ်။ မတာရာက ပြောပြပေးထားပါတယ်။