စစ်တပ် အင်အား တချို့ ဗန်းမော်ကို ရောက်လာတယ်လို့ စစ်ရေး လေ့လာသူတွေပြော

ဗီဒီယို ပုံစာ, စစ်တပ် အင်အား တချို့ ဗန်းမော်ကို ရောက်လာတယ်လို့ စစ်ရေး လေ့လာသူတွေပြော
စစ်တပ် အင်အား တချို့ ဗန်းမော်ကို ရောက်လာတယ်လို့ စစ်ရေး လေ့လာသူတွေပြော
ရေးသားခဲ့သည်။

ကချင်ပြည်နယ် ဗန်းမော်ဒေသကို စစ်ကူဖြည့်တင်းဖို့ဆိုပြီး မန္တလေးကနေတစ်ဆင့် ဧရာဝတီမြစ်တလျှောက်တက်လာတဲ့ စစ်တပ်ရဲ့သင်္ဘောတွေကို ရွှေကူနဲ့ ဗန်းမော်အကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ပတ်အတွင်းမှာပဲ သင်္ဘောအများအပြား ပျက်စီးခဲ့တယ်လို့ စစ်ရေးအရင်းအမြစ်တွေက ပြောပါတယ်။ ဒါ့အပြင် အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် စစ်သုံ့ပန်းတရာကျော်ဖမ်းဆီးမိတယ်လို့လည်း KIA ဘက်က ပြောပါတယ်။ ဒါပေမဲ့ KIA ရဲ့အဓိကခံစစ်ဖြစ်တဲ့ စင်းခန်းကိုကျော်ပြီး ကျန်တဲ့ သင်္ဘောတွေနဲ့ စစ်တပ်အင်အားတွေ ဗန်းမော်ကိုရောက်သွားတယ်လို့ သိရပါတယ်။ ကိုဇေယျာက ဆက်ပြီး ပြောပြပေးမှာပါ။